27.3 C
Yangon
- Advertisement -spot_img

TAG

news

မုံရွာမြို့နယ်ရှိ မီးဘေးသင့် ပြည်သူများကို ဆန်နှင့် ဆပ်ပြာများ လှူဒါန်း

ရန်ကုန်၊ဧပြီ ၉ မုံရွာမြို့နယ် တောင်ပိုင်းရှိ ကြာပိုင်ရွာမှ အကြမ်းဖက်စစ်တပ်၏ မီးရှို့ဖျက်ဆီးခံရသည့် အိမ်ထောင်စုများအတွက် ဆန်နှင့် ဆပ်ပြာများကို သွားရောက်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။ အဆိုပါ မီးဘေးသင့်ပြည်သူများကို ကူညီရန် စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်သို့ Friends and Families From Valais(IAMS) က လှူဒါန်းပေးခဲ့ခြင်းဖြစ်ပြီး ကွန်ရက်၏ အဖွဲ့ဝင်ဖြစ်သည့် မုံရွာမြေစစ်ရှောင်ကူညီထောက်ပံ့ရေးအဖွဲ့က...

လျှင်မြန်ဆန်စွာ ပြောင်းလဲနေသော မြန်မာ့အရေး အခြေအနေများကြောင့် ထိုင်းဝန်ကြီးချုပ်က အရေးပေါ် အစည်း အဝေးခေါ်ယူပြီး နယ်စပ်ကုန်သွယ်ရေး အပါအဝင် အခြေအနေများကို စောင့်ကြည့်ရန် အလုပ်ကော်မတီတစ်ခုဖွဲ့စည်း

ရန်ကုန်၊ ဧပြီ ၉ ထိုင်းနိုင်ငံ၊ ဝန်ကြီးချုပ် Srettha Thavisin က လျှင်မြန်ဆန်စွာ ပြောင်းလဲနေသော မြန်မာ့အရေး အခြေအနေများကြောင့် ယနေ့နံနက်ပိုင်း အရေးပေါ် အစည်းအဝေးခေါ်ယူပြီး အလုပ်ကော်မတီတစ်ခုဖွဲ့စည်းလိုက်ကြောင်း ၎င်း၏ လူမှုကွန်ရက် စာမျက်နှာမှ တစ်ဆင့် သတင်းထုတ်ပြန်သည်။ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော အခြေအနေများသည် ထိုင်းနိုင်ငံအတွက် အရေးကြီးကြောင်း၊...

မြစ်ကြီးနား-ဖားကန့်လမ်းပေါ်ရှိ စစ်ကောင်စီ၏ နန့်ယားကျေးရွာ ဂိတ်တပ်စခန်းကို KIA ဦးဆောင်သော မဟာမိတ်တပ်များ ဝင်တိုက်ခိုက်နေ

ရန်ကုန်၊ ဧပြီ ၉ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မြစ်ကြီးနား-ဖားကန့်လမ်းပေါ်ရှိ စစ်ကောင်စီ၏ နန့်ယားကျေးရွာ စစ်တပ် ဂိတ်စခန်းကို KIA ဦးဆောင်သော မဟာမိတ်တပ်များက ဝင်ရောက်တိုက်ခိုက်နေကြောင်း KIA သတင်းရင်းမြစ်က ပြောဆိုသည်။ ဧပြီလ ၉ ရက်နေ့ နံနက် ၆ နာရီ အချိန်မှစတင်ပြီး KIA ဦးဆောင်သော...

မွန်ပြည်ဖက်ဒရယ်ကောင်စီ ပြည်ထဲရေးဌာန ဌာနမှူး နိုင်ပညာမာန်က ရေး-ထားဝယ်ကားလမ်းပိုင်း၌ ခရီးသွားပြည်သူလူထုနှင့်တွေ့ဆုံပြီး တော်လှန်ရေးတွင် ပူးပေါင်းပါဝင်ပေးကြရန် မေတ္တာရပ်ခံ

ရန်ကုန်၊ ဧပြီ ၉ မွန်ပြည်နယ် ဖက်ဒရယ်ကောင်စီ အုပ်ချုပ်ရေးကော်မတီဝင်၊ ပြည်ထဲရေးဌာန ဌာနမှူး နိုင်ပညာမာန် နှင့်အဖွဲ့က ရေး - ထားဝယ်လမ်းပိုင်း၌ ခရီးသွားပြည်သူလူထုနှင့်တွေ့ဆုံကာ တော်လှန်ရေးတွင်ပူး ပေါင်းပါဝင်ပေးကြရန် မေတ္တာရပ်ခံပြောဆိုခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် မတ်လ ၂၉ ရက်နေ့က မွန်ပြည်နယ်၊ အမှတ် ၈ ပြည်ထောင်စုလမ်းမကြီး၊...

KIA သိမ်းပိုက်ထားသော လွယ်ဂျယ်မြို့ရှိ မြို့စောင့်တပ် ခလရ ၁၄၂ မှ စစ်သားများ နှင့် Non-CDM ဝန်ထမ်းများ တရုတ်ပြည်အတွင်းသို့ ထွက် ပြေး ဝင်ရောက် သွား၍ စစ်ကောင်စီကင်းစင်သော မြို့ဖြစ်လာ

ရန်ကုန်၊ ဧပြီ ၉ ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ တရုတ်-မြန်မာ နယ်စပ် လွယ်ဂျယ်မြို့တွင် ကျန်ရှိနေသော ခလရ ၁၄၂ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် Non-CDM ဝန်ထမ်းများအားလုံး တရုတ်ပြည်အတွင်းသို့ ဝင်ရောက် ထွက်ပြေးသွားသဖြင့် စစ်ကောင်စီ ကင်းစင်သော မြို့အဖြစ် KIA က တရားဝင် သိမ်းပိုက်ရရှိထားပြီဖြစ်ကြောင်း KIA...

မကွေးမြို့ ရဲတပ်ရင်း ၂၅ နှင့် တောင်တွင်းကြီးမြို့ အမှတ် ၇ စစ်လေ့ကျင့်ရေး သင်တန်း ကျောင်းကို ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်မှု စစ်တပ်ဘက်မှ သေဆုံးထိခိုက်မှုများနိုင်

ရန်ကုန်၊ ဧပြီ ၉ မကွေးတိုင်း၊ မကွေးမြို့အခြေစိုက် ရဲတပ်ရင်း ၂၅ နှင့် တောင်တွင်းကြီးမြို့အခြေ စိုက် အမှတ် ၇ စစ် လေ့ကျင့်ရေး သင်တန်းကျောင်းတို့ကို ရှော့တိုက်ဒုံးဖြင့် ပစ် ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုများနိုင် ကြောင်း မကွေးတောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - SMPDF...

ကျောက်ပန်းတောင်းတွင် “ကြိုက်တဲ့ PDF ပေါ်တင်လာခဲ့” ဟု စိန်ခေါ်ခဲ့သည့် တံခွန်တိုင်ရွာ အုပ်ချုပ်ရေးမှူး သိန်းမြင့်နှင့် သားဖြစ်သူ ပျူစောထီး ဝင်မင်းသန့် တို့ ပစ်ခတ်ခံရပြီး ၂ ဦးလုံးသေဆုံး

ရန်ကုန်၊ ဧပြီ ၉ မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်တွင် "ကြိုက်တဲ့ PDF ပေါ်တင်လာခဲ့" ဟု စိန်ခေါ်ထားသည့် တံခွန်တိုင်ရွာ အုပ်ချုပ်ရေးမှူး သိန်းမြင့်နှင့် သားဖြစ်သူ ပျူစောထီး ဝင်မင်းသန့် တို့ကို ပစ်ခတ် တိုက်ခိုက်ရာ ၂ ဦးလုံး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း မကွေး ပြောက်ကျားတပ်ဖွဲ့...

“မြ၀တီကို သိမ်းပြီဆိုရင် ပြည်သူလူထုကို အသိပေးဖို့ကတော့ အဲဒါကတော့ အချိန်ကျရင် ကျနော်တို့ ပေးမှာပါ။ လူထုတွေ ပြင်ဆင်စရာရှိတာ ပြင်ဆင်ကြပါ။ ကျနော်တို့ ပြည်သူတွေနဲ့အတူ ရပ်တည်မှာပါ။ ကျနော်တို့ ဘာမှ ဆုတ်စရာ အကြောင်းမရှိတော့ဘူး။ KNLA ကတော့ ဆက်လုပ်စရာရှိတာ ဆက်လုပ်သွားမှာပဲ”

■ KNU ဗဟိုအလုပ်အမှုဆောင် ပဒိုစောတောနီးနှင့်တွေ့ဆုံမေးမြန်းခြင်း ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်သော မြ၀တီမြို့နှင့် ထိုင်း-မြန်မာနယ်စပ်တစ်ခုလုံးကို မကြာမီ KNU က အပြည့်အ၀ ထိန်းချုပ် သိမ်းပိုက်တော့ဖြစ်ရာ ယင်းအခြေအနေများ၊ KNU ထံတွင် လက်နက်ချ အညံ့ခံလာသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၁၇ ဦးတို့နှင့်ပတ်သက်သော အခြေအနေများကို သိရှိနိုင်ရန် KNU...

ကရင်နီပြည်နယ်တွင် အခြေခံလူ့အခွင့်အရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီအမြင်ဖွင့်သင်တန်း ပြုလုပ်

ရန်ကုန်၊ ဧပြီ ၈ ကရင်နီပြည်နယ်အတွင်းရှိ ဒေသများတွင် အခြေခံလူ့အခွင့်အရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ၂ ရက်တာ အမြင်ဖွင့်သင်တန်းကို ကရင်နီပြည်လူငယ်များသမဂ္ဂ (UKSY)က ဦးဆောင်၍ ပြုလုပ်ခဲ့ကြောင်းသိရသည်။ အဆိုပါ သင်တန်းပြုလုပ်ရခြင်းမှာ ကရင်နီပြည်နယ်အတွင်းရှိ လူငယ်များ အခြေခံလူအခွင့်အရေးနှင့် လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ အကြောင်း အရာများ၊ ဖက်ဒရယ်ဒီမိုကရေစီအကြောင်းအရာများကို သိရှိနားလည်လာစေရန် ရည်ရွယ်၍ ပြုလုပ်ရခြင်းဖြစ်ကြောင်း၊...

ဟုမ္မလင်းမြို့နယ်အတွင်းရှိ ကျေးရွာ ၄ ရွာမှ ပျူစောထီး ၁၂၀ ဦး ခန့် လက်နက်ချ အညံ့ခံ

ရန်ကုန်၊ ဧပြီ ၈ စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်အတွင်းရှိ ကျေးရွာ ၄ ရွာမှ ပျူစောထီး အင်အား ၁၂၀ ခန့် လက်နက်ချအညံ့ခံခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ ယနေ့ ဧပြီလ ၈ ရက် နံနက်အစောပိုင်း ၂ နာရီခန့်က ဟုမ္မလင်းမြို့နယ်၊ ကျွန်းကုန်း...

Latest news

- Advertisement -spot_img