27 C
Yangon
- Advertisement -spot_img

TAG

news

ဘုတလင်ဈေးတွင် ဈေးလာဝယ်သည့် ရဲတပ်သား ကျော်ကိုကိုခန့် ပစ်သတ်ခံရသဖြင့် စစ်ကောင်စီတပ်က မြို့မဈေးကို မီးတင်ရှို့၊ စစ်တပ်က ပြည်သူများကို ဦးတည်ပစ်ခတ်သဖြင့် သံဃာ ၁ ပါးနှင့် ပြည်သူ ၅ ဦးဒဏ်ရာရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆ စစ်ကိုင်းတိုင်း၊ဘုတလင်မြို့ပေါ် ဘုတလင်စျေးအတွင်း ယနေ့ နံနက်ပိုင်း စျေးလာ၀ယသည့် ရဲတပ်သား ကျော်ကိုကိုခန့် ပစ်ခတ်ခံရပြီး သေဆုံးသွားသည့်အတွက် စစ်ကောင်စီတပ်များက စျေးအတွင်းသို့ ရောက်ရှိလာကာ စျေးကို မီးတင်ရှို့နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နံနက် ၈...

ရန်ကုန်တွင် ခရီးသည်တင်ကား ၃ စီးပေါ်မှ ဖမ်းဆီးသွားသော ရခိုင်ပြည်သူများသတင်း လာရောက် စုံစမ်းသူများကို ဖမ်းဆီးမည်ဟု စစ်တပ်က ခြိမ်းခြောက်

■ သတင်းဌာနများတွင် ဖမ်းဆီးမှု သတင်းများတက်နေလျှင် အဖမ်းခံထားရသူများ အခက်ဖြစ်လိမ့်မည်ဟု စစ်တပ်က ပြော ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆ ရခိုင်သို့သွားမည့် ခရီးသည်တင်ကား ၃ စီးပေါ်မှ ဖမ်းဆီးသွားသော ရခိုင်ပြည်သူများသတင်း လာရောက် စုံစမ်းသူများကို ဖမ်းဆီးမည်ဟု စစ်တပ်က ခြိမ်းခြောက်ကြောင်း ရွှေပြည်သာတပ်တွင် သွားရောက်စုံစမ်းခဲ့သူ မိသားစုဝင်တစ်ဦးက ပြောဆိုသည်။ ဖေဖော်ဝါရီ...

နောက်ပြန်မလှည့်ကြေးဒီတော်လှန်ရေးသပိတ်စစ်ကြောင်း အာဏာရှင်စစ်ဘီလူးကို သံပုန်းတီးမောင်းထုတ်ဆန္ဒပြ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆ ယင်းမာပင်မြောက်ခြမ်း နောက်ပြန်မလှည့်ကြေးဒီတော်လှန်ရေးသပိတ်စစ်ကြောင်းက စစ်ကောင်စီကထုတ်ပြန်လိုက်သည့် စစ်မှုထမ်းဥပဒေကို လက်မခံဘဲ အာဏာရှင်စစ်ဘီလူးကို သံပုန်းတီးမောင်းထုတ်ဆန္ဒပြခဲ့ကြသည်။ #မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou ...

လူငယ်အားမာန် သပိတ်စစ်ကြောင်းက စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆ ယင်းမာပင်မြို့နယ်တွင် လူငယ့်အားမာန် သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့၌ စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။ #မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar ...

ဟိုပုံးမြို့နယ်တွင် တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်မှ ဗိုလ်မှူး ၂ ဦး၊ ဗိုလ်ကြီး ၃ ဦး အပါအဝင် စစ်သား ၁၆ ဦး သေဆုံး၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်တွင် ယမန်နေ့ တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်မှ ဗိုလ်မှူး ၂ ဦး၊ ဗိုလ်ကြီး ၃ ဦး အပါအဝင် စစ်သား ၁၆ ဦး သေဆုံးကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း PNLA က တရားဝင် သတင်းထုတ်ပြန်သည်။ ဖေဖော်ဝါရီလ...

ကလေးမြိုနယ် မြောက်ပိုင်းတွင် တိုက်ပွဲများ ပြင်းထန်နေပြီး စစ်တပ်က တိုက်လေယာဉ်များဖြင့် ဗုံးကျဲ၊ လက်နက်ကြီးများ ဆက်တိုက်ပစ်နေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆ စစ်ကိုင်းတိုင်း၊ ကလေးမြိုနယ် မြောက်ပိုင်းတွင် တိုက်ပွဲများ ပြင်းထန်နေပြီး စစ်တပ်က တိုက်လေယာဉ်များဖြင့် ဗုံးကျဲကာ လက်နက်ကြီးများ ဆက်တိုက်ပစ်နေကြောင်း ကလေးမြိုမှ ပြည်သူများနှင့် တော်လှန်ရေး သတင်းရင်းမြစ်များထံမှ သိရှိရသည်။ ယနေ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နံနက် ၃ နာရီမှစတင်၍ ကလေးမြိုနယ်မြောက်ပိုင်းတွင်...

မင်းအောင်လှိုင်နှင့် ဗိုလ်ချုပ်ကြီးများ သေချာပေါက် စစ်ရှုံးနေပြီဖြစ်ပြီး အပြစ်မဲ့ ပြည်သူနှင့်လူငယ်များကို ဖမ်းဆီးသတ်ဖြတ် မိုက်တွင်းမနက်ရန် AA စစ်ဦးစီးချုပ် သတိပေး

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆ အကြမ်းဖက် မင်းအောင်လှိုင်နှင့် ဗိုလ်ချုပ်ကြီးများ စစ်ရှုံးပြီး စစ်မနိုင်တော့သည့်အချိန်တွင် အပြစ်မဲ့ ပြည်သူနှင့်လူငယ်များကို ဖမ်းဆီးသတ်ဖြတ်ညစပ် မိုက်တွင်း မနက်ရန် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က သတိပေး လိုက်သည်။ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က သူ၏ တွစ်တာလူမှုကွန်ရက်မှတစ်ဆင့် ထိုသို့...

မင်္ဂလာဒုံစစ်ဆေးရုံ၏ လုံခြုံရေးစစ်တပ်ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်၊ မြောက်ဥက္ကလာနှင့်တောင်ဒဂုံတို့တွင်လည်း ဗုံးပေါက်ကွဲမှုများ ဖြစ်ပွား

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆ ရန်ကုန်တိုင်း၊ အမှတ် ၁ ကုတင် ၁၀၀၀ မင်္ဂလာဒုံစစ်ဆေးရုံရှေ့တွင် လုံခြုံရေးယူထားသော စစ်တပ်ကို ယနေ့ နံနက်အစောပိုင်းတွင် ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း Dark Shadow တပ်ဖွဲ့မှ ရဲဘော်ပန်ဒါက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နံနက်...

ရမ်းဗြဲတွင် ရဟတ်ယာဉ် ၄ စီးဖြင့် စစ်ကူ လာချပေးသည့် အင်အား ၁၂၀ ပါ စစ်တပ်စစ်ကြောင်းကို AA က တိုက်ခိုက်မှု စစ်သား ၆၀ ကျော်သေဆုံးပြီး အလောင်းများနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

■ သိမ်းဆည်းရရှိသည့် စစ်အသုံးအဆောင်များတွင် ဒုတိယဗိုလ်မှူးကြီးရာထူး အဆောင်အယောင် အပွင့်အခက်များပါဝင် ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆ ရခိုင်ပြည်နယ်၊ ရမ်းဗြဲတွင် ရဟတ်ယာဉ် ၄ စီးဖြင့် စစ်ကူ လာချပေးသည့် အင်အား ၁၂၀ ပါ စစ်တပ်စစ်ကြောင်းကို AA က တိုက်ခိုက်ရာ စစ်သား ၆၀ ကျော်သေဆုံးပြီး...

အုတ်ဖိုမြို့တွင် ပြည်သူများကို ဖမ်းဆီးနှိပ်စက် စစ်ကြောရေးလုပ်သည့် စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့ရုံး ဗုံးပေါက်ကွဲပြီး မီးလောင်ပြာကျ

အုတ်ဖိုမြို့တွင် ပြည်သူများကို ဖမ်းဆီးနှိပ်စက် စစ်ကြောရေးလုပ်သည့် စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့ရုံး ဗုံးပေါက်ကွဲပြီး မီးလောင်ပြာကျ ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅ ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ အုတ်ဖိုမြို့ရှိ အကြမ်းဖက်စစ်တပ် လက်အောက်ခံ စစ်ဘက်ရေးရာ လုံခြုံ ရေးတပ်ဖွဲ့ (စရဖ)ရုံးအတွင်း၌ ဗုံးပေါက်ကွဲပြီး မီးလောင်ပြာကျသွားကြောင်း တော်လှန်ရေးသတင်းရင်းမြစ်နှင့် ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ယနေ့ ဖေဖော်ဝါရီလ...

Latest news

- Advertisement -spot_img