21 C
Yangon
- Advertisement -spot_img

TAG

NUG

တရုတ်၏ ကြားဝင် ညှိနှိုင်းမှုဖြင့် မိုးကုတ်နှင့်မိုးမတ်မြို့များမှ TNLA တပ်များ ဆုတ်ခွာရန် သဘောတူညီပြီး စစ်တပ်နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီ လက်မှတ်ရေးထိုး

ရန်ကုန်၊ အောက်တိုဘာ ၂၉ TNLA က သိမ်းပိုက်ထားသော မိုးကုတ်နှင့်မိုးမတ်မြို့များမှ ဆုတ်ခွာရန် သဘောတူညီလိုက်ပြီး စစ်တပ်နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီ လက်မှတ်ရေးထိုးလိုက်ကြောင်း ယနေ့ TNLA က သတင်းထုတ်ပြန်သည်။ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLAမှ ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့နှင့် ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး ဦးဆောင်သည့် NSPNC...

ရွှေဘိုမြို့နယ်နှင့်စဉ့်ကူးမြို့တို့ကို ဆက်သွယ်ထားသော ရတနာသိင်္ခတံတား မိုင်းခွဲခံရမှုကြောင့် ပြိုကျပျက်စီး၊ စစ်တပ်က တော်လှန်ရေးတပ်များ၏ လက်ချက်ဟု စွပ်စွဲ

ရန်ကုန်၊ အောက်တိုဘာ ၂၉ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ကျောက်မြောင်းမြို့နှင့် မန္တလေးတိုင်း၊ စဉ့်ကူးမြို့တို့ကို ဆက်သွယ်ထားသော ရတနာသိင်္ခတံတားမှာ မိုင်းခွဲခံရမှုကြောင့် ပြိုကျပျက်စီးသွားပြီး စစ်တပ်က တော်လှန်ရေးတပ်ဖွဲ့များ၏ လက်ချက်ဟု စွပ်စွဲထားသည်။ ယနေ့ အောက်တိုဘာလ ၂၉ ရက်နေ့ နံနက် ၆ နာရီ ၂၀ မိနစ်အချိန် ရတနာသိင်္ခတံတား...

ဆားတောင်မြို့ ကူကြီးကုန်းရွာကို မီးရှို့ဖျက်ဆီးခဲ့သော စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၂ ဦး သေဆုံးပြီး သေနတ် ၂ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ

ရန်ကုန်၊ အောက်တိုဘာ ၂၉ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့ ကူကြီးကုန်းရွာကို မီးရှို့ဖျက်ဆီးခဲ့သော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ရာ စစ်သား ၂ ဦး သေဆုံးပြီး သေနတ် ၂ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ဆားတောင်မိုးကြိုးပြည်သူကာကွယ်ရေးတပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။ အောက်တိုဘာလ...

မူးမြို့နယ်နှင့် သရက်ချောင်းမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၁၁၄ လုံးပြာကျ

ရန်ကုန်၊ အောက်တိုဘာ ၂၉ ပဲခူးတိုင်း မူးမြို့နယ်နှင့် တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် ၁၁၄ လုံးပြာကျခဲ့ကြောင်း KNU ဗဟို ထုတ်ပြန်ချက်နှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ အောက်တိုဘာလ ၁၀ ရက်နေ့တွင် မူးမြို့နယ်၊ ကွင်းဒလကြီးရွာကို အကြမ်းဖက်...

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၂၉ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ် ဒီကနေ့ အောက်တိုဘာ ၂၉ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ မြန်မာတစ်နိုင်ငံလုံးမှာ ဒီဇင်ဘာလ ၂၈ ရက်နေ့ စတင်ကျင်းပမယ့် ရွေးကောက်ပွဲတွေအတွက် မဲဆွယ်စည်းရုံးမှုတွေကို စတင်လိုက်မှုနှင့်အတူ စစ်တပ်နှင့်အုပ်ချုပ်ရေးအဖွဲ့တွေက ကြံ့ဖွတ်ပါတီကို မဲပေးကြဖို့အတွက် ပြည်သူတွေကို စတင်ခြိမ်းခြောက် ဖိအားပေးနေတယ်လို့ ပြည်သူတွေက ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။ အကြမ်းဖက်စစ်တပ်ရဲ့ ဝါဒဖြန့်ချိရေးတွေမှာ...

ရှမ်းပြည်အရှေ့ပိုင်း နမ့်ခုတ်မြစ်တစ်လျောက် တရုတ် အစိုးရ ကျောထောက်နောက်ခံပေးထားသော တရုတ်ကုမ္ပဏီများက မြေရှားနှင့်ရွှေတူးဖော်မှု အပါအဝင် သတ္တုတူးဖော်မှုများ ပိုမိုတိုးချဲ့လာနေ၊ သဘာ၀ပတ်ဝန်းကျင်ပျက်စီးမှု အကြီးအကျယ်ဖြစ်နေ

ရန်ကုန်၊ အောက်တိုဘာ ၂၉ ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်တောင်ပိုင်း၊ မိုင်းယွန်းဒေသရှိ နမ့်ခုတ် မြစ်တလျှောက်တွင် မြေရှားသတ္တုနှင့် ရွှေသတ္တုတွင်းများ တိုးချဲ့လာသည်ကို ဂြိုဟ်တုဓာတ်ပုံများအရ တွေ့မြင်နေရပြီး အဆိုပါ သတ္တုတွင်းများသည် တရုတ်အစိုးရက ကျောထောက်နောက်ခံ ပြုထားသော China Investment Mining ကုမ္ပဏီက လည်ပတ်လုပ်ကိုင်နေခြင်း ဖြစ်ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ...

စဉ့်ကူး၊ မြိုင်နှင့် ပေါက်မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်၊ စက်တပ်လေထီးဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၂ ဦး သေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၂၉ မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်အတွင်းရှိ ကောင်းဆက်သာ ဆီဆိုင်းကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၂ ဦး သေဆုံးခဲ့ကြောင်း Voice Of Mandalay မှ တာဝန်ရှိသူ တစ်ဦးနှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့...

မကွေးတိုင်းရဲမှူးကြီး ကျော်စိုးဝင်း လိုက်ပါသော ယာဉ်တန်း မင်းတုန်းမြို့နယ်တွင် မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခံရသဖြင့် ရဲမှူးကြီးကျော်စိုးဝင်း သွားများကျွတ်ထွက်ခြင်း အပါအဝင် အပြင်းအထန် ဒဏ်ရာ ရရှိ၍ ဆေးရုံ တင်ထားရ

ရန်ကုန်၊ အောက်တိုဘာ ၂၉ မကွေးတိုင်းရဲမှူးကြီး ကျော်စိုးဝင်း လိုက်ပါသော ယာဉ်တန်းမှာ မင်းတုန်းမြို့နယ်တွင် မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် ရဲမှူးကြီးကျော်စိုးဝင်းမှာ သွားများကျွတ်ထွက် ဒဏ်ရာ အပါအဝင် ဒဏ်ရာ အပြင်းအထန်ရရှိ၍ ဆေးရုံ တင်ထားရကြောင်း ရဲဘက်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ အောက်တိုဘာလ ၂၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီ...

စစ်လော်ဘီ စီးပွားရေးသမား ဖြိုးဝေစိုးက မအူပင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ကိုကိုကြီးပါတီမှ ဝင်ရောက်ယှဉ်ပြိုင်၊ ကြံ့ဖွတ်မှ ဒုဗိုလ်ချုပ်ကြီးဟောင်း ကံမြင့်သန်းနှင့်ပြိုင်ဘက်ဖြစ်သော်လည်း စစ်တပ်ကို ထောက်ခံသည့် ပို့စ်များ တောက်လျှောက်တင်

ရန်ကုန်၊ အောက်တိုဘာ ၂၉ အကြမ်းဖက် စစ်တပ်၏ စစ်လော်ဘီတစ်ဦးလည်းဖြစ် စီးပွားရေးသမားတစ်ဦးလည်းဖြစ်သူ ဖြိုးဝေစိုးက မအူပင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ကိုကိုကြီးပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ကြောင်း သိရှိရသည်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်မှစတင်၍ လူမှုကွန်ရက်တွင် စစ်တပ်ကို ပေါ်ပေါ်ထင်ထင်ထောက်ခံခဲ့ပြီး စစ်အာဏာသိမ်းမှု ဆန့်ကျင်သူများကို အကြမ်းဖက်များဟု ခေါ်ဝေါ်ခဲ့သည့် လုပ်ငန်းရှင်ဖြိုးဝေစိုးသည် ကိုကိုကြီး ဦးဆောင်သော...

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၂၉ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ် ဒီကနေ့ အောက်တိုဘာ ၂၉ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ မြန်မာစစ်တပ်က လက်ရှိအခြေအနေတွေအောက်မှာ ရွေးကောက်ပွဲကျင်းပရင် မတည်ငြိမ်မှုတွေနဲ့ ဖယ်ထုတ်ခံရမှုကို ပိုမိုနက်ရှိုင်း ဆိုးရွားစေလိမ့်မယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က သတိပေးပြောဆိုလိုက်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-NLD က အပြတ်အသတ်အနိုင်ရရှိခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတတဲ့...

Latest news

- Advertisement -spot_img