30 C
Yangon

အကြမ်းဖက်စစ်အုပ်စုက Khit Thit Media Page အတုများထောင်၍ သတင်းမှား၊ သတင်းအတုများ ဖြန့်ချိနေခြင်းနှင့်ပတ်သက်၍ ပြည်သူသို့ အသိပေးခြင်း

Must read

Yangon Khit Thit Media သည် ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ပြီး ပြည်သူများထံသို့ သတင်းမှန်များ ဖြန့်ချိပေးလျက်ရှိပါသည်။ 

စစ်တပ်သည် Khit Thit Media စတင်တည်ထောင်ချိန်မှစတင်၍ ပုံစံအမျိုးမျိုးဖြင့် သတင်းမီဒီယာလုပ်ငန်းများ မလုပ်ဆောင်နိုင်ရန် အနှောင့်အယှက်ပေးလျက်ရှိရာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ထိုသို့ နှောင့်ယှက်မှုများမှာ ပိုမိုဆိုးဝါးလျက်ရှိသည်။ 

Khit Thit Media ၏ သတင်းမီဒီယာလုပ်ငန်းလိုင်စင်ကို ပိတ်ပင်ခြင်း၊ အယ်ဒီ တာများကို ပုဒ်မ ၁၂၄-က ဖြင့် မတရား တရားစွဲ အမှုဖွင့်ခြင်း၊ Khit Thit Media Page ကို  ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် တစ်နိုင်ငံလုံးရှိ စစ်တပ်များတွင် Report ထုရန် အမိန့်ထုတ်ခြင်း စသည့် ပုံစံမျိုးစုံဖြင့် ဖိနှိပ် နှောင့်ယှက်လျက်ရှိသည်။ 

အကြမ်းဖက်စစ်ကောင်စီက မည်သို့ပင် နှောင့်ယှက်စေကာပင် Khit Thit Media အနေဖြင့် ပြည်သူများ၏ ၀ိုင်းဝန်းပံ့ပိုးမှုဖြင့် ပုံမှန် သတင်းမှန်လုပ်ငန်း များ ဆက်လက်လုပ်ဆောင်လျက်ရှိပါသည်။ 

ယခုအခါ အကြမ်းဖက်စစ်အုပ်စုသည် Khit Thit Media ၏ လိုဂိုကို အသုံးပြု၍ Page အတုများ ထူထောင်ကာ သတင်းမှားများ၊ သတင်းအတုများ ဖြန့်ဝေလျက် ရှိပါသဖြင့် ပြည်သူများ သတိထားနိုင်ရန် အသိပေးအပ်ပါသည်။ 

Khit Thit Media ၏ သတင်းစာမျက်နှာ အစစ်အမှန်သည်  Blue Mark ပါဝင်ပြီး https://yktnews.com ဖြင့်လည်း Website စာမျက်နှာ ထူထောင်ထားပါသည်။ 

Telegram , Twitter , Youtube, Facebook နှင့် Website များမှ တစ်ဆင့် လူထုထံသို့ သတင်းမှန်များ အခမဲ့ ပို့ဆောင်လျက်ရှိပြီး Khit Thit Media အမည်ခံ Page အတုများ သတိထားကြပါရန် ထပ်မံ၍ ပြည်သူများကို အသိပေးအပ်ပါသည်။ 

Facebook လူမှုကွန်ရက်စာမျက်နှာတွင် လုပ်ဆောင်နေသော  Khit Thit Media Page အတုများကို ဖြုတ်ချနိုင်ရေး သက်ဆိုင်ရာ Facebook Team သို့လည်း တိုင်ကြား သွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။ 

အယ်ဒီတာအဖွဲ့

ရန်ကုန်ခေတ်သစ်သတင်းဌာန

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article