38 C
Yangon

KNU/KNLA ၏ ရပ်တည်ချက်ကို AA၊ MNDAA၊ TLNA မဟာမိတ် ၃ ဖွဲက ဂုဏ်ပြုလိုက်ပြီး ဘုံရန်သူ စစ်တပ်ကို ဟန်ချက်ညီ စုပေါင်း တိုက်ပွဲဝင်မည်ဟု ထုတ်ပြန်

Must read

ရန်ကုန်၊ ဇန်နဝါရီ ၃၁

လက်ရှိ မင်းအောင်လှိုင်ခေါင်းဆောင်သော အကြမ်းဖက် စစ်ကောင်စီကို တော်လှန်နေသည့် ကရင်အမျိုးသားအစည်းအရုံး KNU/KNLA ၏ စစ်ရေး၊ နိုင်ငံရေး ရပ်တည်ချက်များမှာ ခိုင်မာပြတ်သားသော လုပ်ရပ်များဖြစ်သည်ဟု ကိုးကန့် MNDAA၊ တအာင်း TNLA နှင့် ရခိုင် AA စသည့် ညီနောင်မဟာမိတ် ၃ ဖွဲ့က ယနေ့ ကရင်တော်လှန်ရေးနေ့အခမ်းအနားတွင် သဝဏ်လွှာပေးပို့ ဂုဏ်ပြုသည်။

KNU/KNLA ၏ ရပ်တည်ချက် AA၊ MNDAA၊ TLNA မဟာမိတ် ၃ ဖွဲ့က ဂုဏ်ပြုလိုက်ပြီး ဘုံရန်သူ စစ်တပ်ကို မိတ်ဖက် အဖွဲ့အစည်းများနှင့်အတူ ဟန်ချက်ညီ စုပေါင်းတိုက်ပွဲဝင်မည်ဟု ထုတ်ပြန်ထားသည်။

ကရင့်အာဇာနည်ခေါင်းဆောင် စောဘဦးကြီး၏ မူ ၄ ချက်နှင့်အတူ ကရင်လူမျိုးများ၏ မတရားမှုအတွက် ဦးမညွှတ်တတ်သော စိတ်ဓာတ်၊ ကရင်ခေါင်းဆောင်ကြီးများ၏ ဘဝတူညီနောင်တိုင်းရင်းသားလူမျိုးများနှင့် တသားတည်းရပ်တည်ချက်များ၊ ရိုးသားပွင့်လင်းမှုများ၊ အမျိုးသားလွတ်မြောက်ရေးအတွက် တပ်ပေါင်းစုဖြင့် စုပေါင်းတိုက်ပွဲဝင်ခဲ့ကြပုံများမှာ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက် မတရားအာဏာသိမ်းပြီးနောက်ပိုင်း ပို၍ သိသာထင်ရှားစေကြောင်း ရေးသားထားသည်။

ကရင့်တော်လှန်ရေး ၇၃ နှစ်အတွင်း ပေးဆပ်စွန့်လွှတ်ခဲ့ကြသော ကရင့်အာဇာနည်များ၊ ကရင့်သူရဲကောင်းများ၊ ကရင့်ပြည်သူလူထုတို့၏ ပေးဆပ်စွန့်လွှတ်အနစ်နာခံမှုများကို အောက်မေ့လွမ်းဆွတ်ခြင်းနှင့်အတူ ဦးညွှတ်အလေးပြုကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ဆိုသည်။

ကိုးကန့်၊ တအာင်း၊ ရခိုင်အဖွဲ့အစည်းတို့သည် တူညီသော စစ်ရေး၊ နိုင်ငံရေးရည်မှန်းချက်များဖြင့် ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးနိုင်ခွင့် ရရှိရေးတို့အတွက် ဘုံရန်သူကို တော်လှန်တိုက်ပွဲဝင်နေကြသည့်အလျောက် စစ်ရေး၊ နိုင်ငံရေး ရည်မှန်းချက်တူညီသော အခြား မိတ်ဖက်ညီအစ်ကို အဖွဲ့အစည်းများနှင့် လက်တွဲပြီး စစ်ရေး၊ နိုင်ငံရေး လိုအပ်ချက်အရ ဟန်ချက်ညီ စုပေါင်းလုပ်ဆောင်သွားကြရမည်ဟု ယုံကြည်ကြောင်း MNDAA၊ TNLA၊ AA ညီနောင်မဟာမိတ်သုံးဖွဲ့က ကရင်တော်လှန်ရေးနေ့အခမ်းအနားသို့ပေးပို့သည့် ဂုဏ်ပြုလွှာတွင် ဖော်ပြထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article