30 C
Yangon

Khit Thit သတင်းဌာန၏  ဩဂုတ် ၆ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့  ဩဂုတ် ၆ ရက် နေ့လယ်ပိုင်းရရှိထားတဲ့ သတင်းတွေကတော့

-အကြမ်းဖက်စစ်ကောင်စီအနေနဲ့ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်အပေါ် လိုက်နာဆောင်ရွက်မှုနဲ့ တိုးတက်မှု တစ်စုံတစ်ရာ မရှိသမျှ ကာလပတ်လုံး အာဆီယံရဲ့ အစည်းအဝေးတွေ အားလုံး တက်ခွင့် မပြုတော့ဘူးလို့ အာဆီယံဥက္ကဋ္ဌ ၊ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး Prak Sokhonn က ဒီကနေ့ ဩဂုတ်လ ၆ ရက်နေ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

– အကြမ်းဖက် မြန်မာ စစ်ကောင်စီတပ်ကို လက်နက် ရောင်းချပေးနေတဲ့ နိုင်ငံတွေအနေနဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံနဲ့ လူ့အခွင့်အရေးကောင်စီရဲ့ တိုက်တွန်းချက် အတိုင်း လက်နက် တင်ပို့ရောင်းချမှု တွေကို ရပ်တန့်ပေးဖို့ ကုလသ မဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုလိုက် ပါတယ်။

-ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊‌ အောင်ဆန်း၊ စဉ့်ကူ ရပ်ကွက်၊ န၀ရတ် ၄ လမ်းမှာ နေထိုင်တဲ့ NLD ရပ်ကျေးအတွင်းရေးမှူး ဦးလှဖေ နဲ့ ဇနီးအပါအဝင် သား နဲ့ ချွေးမတို့ကို အကြမ်းဖက် စစ်ကောင်စီတပ်က ဩဂုတ်လ ၄ ရက်နေ့မှာ အကြမ်းဖက် ဖမ်းဆီးသွားတဲ့အပြင် ၊ ရွှေ၊ငွေ အပါအဝင် သိန်း ၇၀၀ ဝန်းကျင် တန်ဖိုးရှိတဲ့ ပစ္စည်းတွေကို လုယက် သွားတဲ့သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက် ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article