30 C
Yangon

အကြမ်းဖက် ဇော်မင်းထွန်းနှင့် အပေါင်းအပါ စခလော်ဘီများ၏ ရန်ရှာမှုမှ ကင်းဝေးနိုင်ရေး Facebook Account များကို Locked ချကြရန် အထူး ထပ်မံ သတိပေးခြင်း

Must read

အကြမ်းဖက်စစ်ကောင်စီ ပြောခွင့်ရ စခ ဇော်မင်းထွန်းက NUG နှင့်သက်ဆိုင်သော လူမှုကွန်ရက်စာမျက်နှာများ၊ ၎င်းတို့ကို ဆန့်ကျင်နေသော သတင်းစာမျက်နှာကို Like လုပ်ခြင်း၊ Share ခြင်း ပြုလုပ်လျှင် ထောင်ချမည်ဟု ပေါ်တင် ခြိမ်းခြောက်လာနေပါသည်။

ထို့ကြောင့် အများပြည်သူများအနေဖြင့် စခများ၊ စခလော်ဘီ များ၏ ရန်ရှာမှုမှ ကင်းဝေးနိုင်ရေး Facebook Account များကို မဖြစ်မနေ (မဖြစ်မနေ) Locked ချကြရန် အထူး ထပ်မံသတိပေးအပ်ပါသည်။

မြန်မာနိုင်ငံအတွင်း စခများ၏ ရန်ရှာမှုအောက်တွင် နေထိုင်နေကြရသည့် မိဘပြည်သူများ လူမှုကွန်ရက်ကြောင့် ဒုက္ခမရောက်စေရေးနှင့်အန္တရာယ် ကင်းဝေးရေး အသိပေးရန်မှာ ရန်ကုန်ခေတ်သစ်သတင်းဌာန ၏ အရေးကြီးဆုံးသော ဦး စားပေး တာဝန် ဖြစ်ပါသည်။

အကြမ်းဖက်စစ်လော်ဘီ(စခ)များသည် ရန်ကုန်ခေတ်သစ်သတင်းဌာန၏ သတင်း များအောက်တွင် Comment ပေးသူများကို နာမည်နှင့်တကွ လိုက်လံ စုံစမ်း၍ ဖမ်းဆီးခိုင်းခြင်း၊ ငွေညှစ်ခြင်း၊ ခြိမ်းခြောက်ခြင်း ဥပဒေမဲ့ မတရားသော လုပ် ဆောင် ချက်များ လုပ်ဆောင်နေပါသဖြင့် မိဘပြည်သူများအနေဖြင့် မိမိတို့၏ လူမှုကွန်ရက် Facebook Account များကို သူငယ်ချင်း မဟုတ်သည့် အခြားသူများ (အထူးသဖြင့် စခများ) ဝင်ရောက် ကြည့်ရှုခြင်းမပြုနိုင်ရန် Facebook Account Locked ချ ထားကြပါရန် ယခင်ကလည်းက သတိပေးခဲ့ပြီးဖြစ်သည်။

စစ်လော်ဘီ(စခ) တယ်လီဂရမ်စာမျက်နှာများဖြစ်သည့် Han Nyein Oo ၊ Kyaw Swar ၊ Ba Nyunt ၊ တပ်ကြပ်ကြီးဖိုးစီ၊ တပ်ကြပ်ကြီး ဖိုးကွန်း၊ စစ်သွေး ၊ Justice Seeker Group ၊ Thit Lwin အပါအဝင် စခများက မိဘပြည်သူများ Facebook Account များကို Locked မချထားလျှင် ဝင်ရောက် ကြည့်ရှု၍ ဖမ်းဆီးခိုင်းခြင်း၊ ငွေညှစ်ခြင်း၊ ခြိမ်းခြောက်ခြင်း ဥပဒေမဲ့ မတရားသော လုပ် ဆောင် ချက်များ လုပ်ဆောင်နေပါသည်။

Facebook Account Locked မချထားသဖြင့် အကြမ်းဖက် စစ်လော်ဘီ(စခ) များက ဝင်ရောက်ကြည့်ရှုပြီး ဖမ်းဆီးခံရမှု များရှိလာ၍ အရေးပေါ် သတိပေးရခြင်းဖြစ်ပါသည်။ မိဘပြည်သူများနှင့်အတူ ရပ်တည်လျက် အကြမ်းဖက် စစ်အာဏာရှင် ချေမှုန်းရေးတွင် ဆက်လက် ပါဝင်နေမည် ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

အယ်ဒီတာအဖွဲ့
ရန်ကုန်ခေတ်သစ်သတင်းဌာန

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article