34 C
Yangon

မကွေးတိုင်းတွင် “နွေဦးတမာ ကျည်မိုးရွာ” ကမ်ပိန်းတွင် ပြည်သူများ ပါဝင်ရန် ဖိတ်ခေါ်

Must read

မကွေးတိုင်းတွင် “နွေဦးတမာ ကျည်မိုးရွာ” ကမ်ပိန်းတွင် ပြည်သူများ ပါဝင်ရန် ဖိတ်ခေါ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄

မကွေးတိုင်း၊ မကွေးခရိုင်၊ အမှတ်(၂)တပ်ရင်းက” နွေဦးတမာ ကျည်မိုးရွာ ” ဆိုသည့် သိန်းတစ်ရာ ကျည်တစ်ထောင် ကံစမ်းမဲ ကမ်ပိန်းတွင် ပြည်သူများ ပါဝင်ကြရန် ဖိတ်ခေါ်သည်။

မကွေးခရိုင်၊ အမှတ်(၂)တပ်ရင်းနှင့် ရေနံချောင်းပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ အတွက် ယခုနှစ်အတွင်း စစ်ဆင်ရေးများ ဖော်ဆောင်ရာတွင် ကျည်လို အပ် ချက်ပြည့်မီအောင် ဖြည့်ဆည်းနိုင်ရေး ကမ်ပိန်းကို စတင်ခြင်းဖြစ်ကြောင်း သိရှိရ သည်။

AKကျည် တစ်တောင့်ကို ငွေကျပ်တစ်သောင်းဖြင့် ဝယ်ယူနေရသည့်အတွက် ကျည်တစ်ထောင်အတွက် သိန်းတစ်ရာ လိုအပ်မည်ဖြစ်ပြီး ကံစမ်းမဲလက်မှတ် တစ်စောင်လျှင် ငွေကျပ် တစ်သောင်းနှုန်းဖြင့် စုစုပေါင်း မဲလက် မှတ် အစောင်ရေ တစ်ထောင် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ကံစမ်းမဲ လက်ဆောင်အနေဖြင့် အမေရိကန်ဒေါ်လာ ၁၀၀ တန် NUG Bond ငွေတိုက်စာချုပ် ၃ခုကိုမဲဖောက်ပေးသွားမည်ဖြစ်ကြောင်း၊ ကံစမ်းမဲကာလ ၄၅ရက်သတ်မှတ်ထားပြီး ပြည်သူများ ပါဝင်ကြရန် ဖိတ်ခေါ်ထားသည်။

” တမာတွေဖူးတဲ့ နွေဦးရဲ့အညာမှာ ကျည်မိုးတွေရွာနိုင်ဖို့ နွေဦးတမာ ကျည် မိုးရွာ ကမ်ပိန်းမှာ မဲဝယ်ကြပါစို့ ” မဲလက်မှတ်များကို

မကွေးခရိုင်အမှတ်၂တပ်ရင်း

https://www.facebook.com/mgybattalion02/

ရေနံချောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

https://www.facebook.com/pdfyng21/

ရေနံချောင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂ

https://www.facebook.com/YNCUSU?mibextid=ZbWKwL

Telegram Account

t.me/pdfyng တို့တွင် ဝယ်ယူနိုင်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article