36 C
Yangon

စစ်အာဏာသိမ်းမှုနှင့် ပဋိပက္ခများအကြားတွင် မြန်မာ့စီးပွားရေး ဆိုးရွားစွာ ထိခိုက်ကျဆင်းမည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်း၊ မင်းအောင်လှိုင်ကမူ စီးပွားရေးတိုးတက်နေသည်ဟု လိမ်ညာနေဆဲ

Must read

စစ်အာဏာသိမ်းမှုနှင့် ပဋိပက္ခများအကြားတွင် မြန်မာ့စီးပွားရေး ဆိုးရွားစွာ ထိခိုက်ကျဆင်းမည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်း၊ မင်းအောင်လှိုင်ကမူ စီးပွားရေးတိုးတက်နေသည်ဟု လိမ်ညာနေဆဲ

ရန်ကုန်၊ ဧပြီ ၁

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုနှင့် ပဋိပက္ခများကြောင့် မြန်မာ့စီးပွားရေး ဆိုးရွားစွာ ထိခိုက်ကျဆင်းမည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က မတ်လ ၃၁ ရက်နေ့ တွင် ထုတ်ပြန်ပြောဆိုလိုက်သည်။

စစ်အာဏာသိမ်းမှု ၂ နှစ်ကျော်လာပြီးနောက် မြန်မာနိုင်ငံ၏ စီးပွားရေး တိုးတက် မှု နှုန်းသည် ဆိုးရွားစွာ ကျဆင်းနေဆဲဖြစ်ပြီး လာမည့်ဘဏ္ဍာနှစ် စက်တင်ဘာလအထိ မြန်မာ့ GDP သည် ၃ ရာခိုင်နှုန်းသာ တိုးလာရန် မျှော် လင့်ထားကြောင်း ကမ္ဘာ့ဘဏ်က သောကြာနေ့တွင် ပြောကြားသည်။

မြန်မာနိုင်ငံတစ်ဝန်း အကြမ်းဖက်မှုများ ကျယ်ပြန့်လာခြင်း၊ အလွန်ဆိုးဝါး လာသော လျှပ်စစ် ဓာတ်အားပြတ်တောက်မှုနှင့် မူဝါဒ အမှားများကြောင့် နိုင်ငံရေးနှင့် လူမှုရေးမတည်ငြိမ်မှုများကြောင့် ဆက်လက်ဖြစ် ပေါ်စေ မည်ဖြစ်ပြီး ချိနဲ့နေသော စီးပွားရေးကို ပိုမို ဆိုးဝါးလာစေမည်ဟု ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာက ဖော်ပြထားသည်။

“လျှပ်စစ်မီးပြတ်တောက်မှု၊ ထောက်ပံ့ပို့ဆောင်ရေး အနှောင့်အယှက်များ၊ ကုန် သွယ်မှုနှင့် နိုင်ငံခြားငွေလဲလှယ်မှု ကန့်သတ်ချက်များ၊ စည်းမျဉ်းစည်းကမ်း မသေချာမရေရာမှုများ ဆက်လက်ရှိနေချိန်တွင် မြန်မာ့စီးပွားရေး အနေ အထားက ပိုမိုကောင်းမွန်လာဖို့ မရှိပါဘူး” ဟု ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာက ဆိုသည်။

အကြမ်းဖက်စစ်တပ်က နိုင်ငံရေးအရ အပြင်းအထန် ဖိနှိပ်ချေမှုန်းများ လုပ် ဆောင် နေပြီး NUG နှင့် PDF ၊ ERO များကို ပြတ်ပြတ်သားသား အရေးယူ မည်ဟု မင်းအောင်လှိုင်က ထုတ်ဖော်ပြောဆိုထားသည်။

သို့ရာတွင် စစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုနှင့်သတ်ဖြတ်မှုများကြောင့် လက်ရှိတွင် ပြည်ပ ကုမ္ပဏီများက မြန်မာနိုင်ငံမှ ဆက်တိုက် ထွက်ခွာနေ ကြသည်။

ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံ၏ GDP သည် ၂၀၂၁ ခုနှစ်တွင် ၁၈ ရာခိုင်နှုန်း ကျဆင်း ခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် ၃ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း၊ ဝယ်ယူ နိုင်စွမ်းအားနိမ့်ကျမှုနှင့် စားသောက်ကုန်နှင့် လောင်စာဆီဈေးနှုန်းများ မြင့်မားမှုကြောင့် အိမ်ထောင်စုများသည် စီးပွားရေး အကျပ်အတည်းများနှင့် ကြုံတွေ့နေရကြောင်း၊ ကျပ်ငွေသည် အမေရိကန်ဒေါ်လာနှင့် နှိုင်းယှဉ်ပါက ၃၁ ရာခိုင်နှုန်းဝန်းကျင် တန်ဖိုးကျဆင်းသွားကြောင်း အစီရင်ခံစာတွင် ဖော်ပြထား သည်။

နိုင်ငံခြားငွေလဲလှယ်ရေးဆိုင်ရာ စည်းမျဉ်းများအပါအဝင် စီမံခန့်ခွဲရေးဆိုင်ရာ ထိန်းချုပ်မှုများကို စစ်တပ်က ပိုမို တင်းကျပ်လျက်ရှိပြီး ဗဟိုဘဏ်က ဝန်ကြီး ဌာနများနှင့် ဒေသန္တရအစိုးရများကို ပြည်တွင်းငွေလွှဲပြောင်းမှုတွင် နိုင်ငံခြားငွေ အသုံးပြုလျှော့ချရန် ကြိုးပမ်းလျက်ရှိကြောင်း၊ စစ်တပ်က ပြည်တွင်း စီးပွားရေးကို ပြန်လည်အသက်သွင်းရန် အစွမ်းကုန်ကြိုးစားနေပြီး ဖြစ်ပေါ်နေသည့် အကျပ်အတည်းများသည် ပြည်ပမှ အနှောင့် အယှက် များကြောင့် အခက်အခဲများ ဖြစ်ပေါ်စေသည်ဟု ထုတ်ပြန်ပြောဆိုထားသည်။

အကြမ်းဖက်မင်းအောင်လှိုင်ကမူ စစ်ကောင်စီက ပြုုလုပ်သည့် အစည်းအဝေး များတွင် မြန်မာ့စီးပွားရေးတိုးတက်နေသည်ဟု အချက်အလက်အမှားများနှင့် လိမ်ညာမှုများ ဆက်လက် လုပ်ဆောင် ဝါဒဖြန့်နေသည်ကို စစ်ကောင်စီ၏ ဝါဒဖြန့် သတင်းစာများတွင် ဖော်ပြထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article