36 C
Yangon

စစ်ကိုင်းမြို့နယ်၊ မောင်းထောင်ကျေးရွာမှ ပြည်သူ ၆ဦးကို စစ်ကောင်စီ၏ တပ်မ ၃၃ က ဖမ်းဆီး‌ခဲ့ပြီး ၄ဦးကို သတ်ဖြတ်ကာ မူးမြစ်ထဲ အလောင်းများစွန့်ပစ်

Must read

စစ်ကိုင်းမြို့နယ်၊ မောင်းထောင်ကျေးရွာမှ ပြည်သူ ၆ဦးကို စစ်ကောင်စီ၏ တပ်မ ၃၃ က ဖမ်းဆီး‌ခဲ့ပြီး ၄ဦးကို သတ်ဖြတ်ကာ မူးမြစ်ထဲ အလောင်းများစွန့်ပစ်

■ စစ်တပ်၏ သတ်ဖြတ်မှု ခံရသူ ၄ ဦးတွင် ဆယ်ကျော်သက် ကလေး ၂ ဦး ပါဝင်ပြီး တစ်အိမ် တည်း အတူနေ အမျိုးများဖြစ်

ရန်ကုန်၊ ဧပြီ ၁

စစ်ကိုင်းမြို့နယ်၊ မောင်းထောင်ကျေးရွာမှ ပြည်သူ ၆ဦးကို စစ်ကောင်စီ၏ တပ်မ ၃၃ က ဖမ်းဆီး‌ခဲ့ပြီး ပြည်သူ ၄ ဦးကို သတ်ဖြတ်ကာ မူးမြစ်ထဲ အလောင်း များစွန့်ပစ်ခဲ့ကြောင်း ဒေသကာကွယ်ရေးတပ်နှင့် ဒေသပြည်သူများက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

မတ်လ ၃၀ ရက်နေ့ နံနက် ၅ နာရီကျော်အချိန် စစ်ကိုင်းမြို့နယ်၊ ညောင်ပင် ဝန်း ရဲစခန်းမှ ထွက်လာသည့် အင်အား ၄၀ ကျော်ပါ စစ်တပ်စစ်ကြောင်းက မောင်း ထောင်ကျေးရွာကို ဝင်ရောက်စီးနင်းခဲ့ကြောင်း၊ မောင်းထောင်ကို ဝင်ရောက် စဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲ အချိန် အနည်းငယ် ကြာဖြစ်ပွားခဲ့ကြောင်း၊ ယင်းနောက် လမ်းပြ အကူအညီဖြင့် မောင်းထောင်ရွာတွင် ဝင်ရောက်မွှေနှောက်သွားကြကာ ကျေးရွာပြည်သူ ၆ ဦးကိုဖမ်းဆီးခေါ်ဆောင်သွားပြီး ညောင်ပင်ဝန်းရဲစခန်းကို ပြန်လည် ဆုတ်ခွာ သွားခဲ့ကြောင်း သိရှိရသည်။

ယင်းနောက် စစ်တပ်က ဖမ်းဆီးသွားသူ ပြည်သူ ၆ ဦးအနက်မှ သားအဖ နှစ်ဦး ဖြစ်သည့် ဦးကျော်သူထွန်း ၃၈ နှစ်၊ သားဖြစ်သူ အိုအီး ၁၄ နှစ်၊ ညီအစ်ကိုနှစ်ဦး ဖြစ်သည့် တုံတုံချစ် ၁၅ နှစ်၊ ကိုချစ်စူး ၂၀ နှစ် တို့ကို သတ်ဖြတ်ပြီး အလောင်း များကို မူးမြစ်ထဲ စွန့်ပစ်လိုက်ကြကြောင်း ၊ ပြည်သူ ၂ ဦး၏ ရုပ်အလောင်းကို ညောင်ပင်ဝန်း တံတားအောက်တွေ့တွင် ပြန်လည် တွေ့ရှိခဲ့ရပြီး ကျန်နှစ်ဦး၏ ရုပ်အလောင်းမှာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း၊ ကျန်ပြည်သူ ၂ ဦးကိုမူ စစ်တပ် က ပြန်လွှတ်ပေးခဲ့ကြောင်း သိရှိရသည်။

“စစ်တပ်က သတ်ဖြတ်သူ ၄ ဦးမှာ သားအဖ၂ယောက်နဲ့ ညီအကို အရင်း၂ ယောက် ပါတယ်။ ၄ယောက်စလုံးကတစ်အိမ်ထဲနေတဲ့အမျိုးတွေပါ။

ကျန် ရစ် သူအမျိုးသမီးက ယောက်ကျားရော သားရော တူတွေရော ဆုံးရှုံးခဲ့ပြီး မီးဖွားထားတာ ရက်၂၀ ရက်ပဲရှိပါသေးတယ်။ ဆယ်ကျော်သက် ကလေးတွေ ကိုပါ သတ်နေတာ။ ပကဖ လည်းမဟုတ်ပါဘူး၊ တော်လှန်ရေးရဲဘော် လည်း မဟုတ်ဘူး။ သာမန်ပြန်သူတွေကို သတ်နေတာ အခြေ အနေကတော့ တော် တော် ဆိုးပါတယ်။ ၁၀နှစ်အထက် ယောကျာ်းလေးမှန်သမျှ သတ်မယ် ဆိုတဲ့ သဘောဖြစ်နေပြီ” ဟု ဒေသကာကွယ်ရေး တပ်ခေါင်းဆောင်တစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက ဖေဖော်ဝါရီလတွင် စစ်ကိုင်းတိုင်းအတွင်း စစ်အုပ် ချုပ် ရေး ကြေညာပြီးနောက် ပြည်သူများကို ရက်ရက်စက်စက် သတ်ဖြတ် နေသည့် စစ်ရာဇဝတ်မှုများကို အရှိန်အဟုန်မြှင့် တိုးမြှင့်လုပ် ဆောင်လာ ကြောင်း ဒေသပြည်သူများက ဆိုကြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article