36 C
Yangon

ရွှေက္ကိုလ်တိုက်ပွဲတွင် စစ်တပ်လက်အောက်ခံ BGF ဗိုလ်မှူးကြီးစောချစ်သူ၏ လက်ရုံး ၁၀၁၇ တပ်ရင်းမှူး ဗိုလ်မှူးဒီးဒီ သေဆုံး၊ BGF တချို့ လက်နက်ချ အညံ့ခံ

Must read

ရွှေက္ကိုလ်တိုက်ပွဲတွင် စစ်တပ်လက်အောက်ခံ BGF ဗိုလ်မှူးကြီးစောချစ်သူ၏ လက်ရုံး ၁၀၁၇ တပ်ရင်းမှူး ဗိုလ်မှူးဒီးဒီ သေဆုံး၊ BGF တချို့ လက်နက်ချ အညံ့ခံ

ရန်ကုန်၊ ဧပြီ ၇

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ရွှေက္ကိုလ်တိုက်ပွဲများတွင် စစ်တပ်လက် အောက်ခံ BGF ဗိုလ်မှူးကြီးစောချစ်သူ၏ လက်ရုံး ၁၀၁၇ တပ်ရင်းမှူး ဗိုလ်မှူး ဒီးဒီ သေဆုံးသွားခဲ့ပြီး BGF တချို့ လက်နက်ချ အညံ့ခံကြောင်း ရှေ့တန်း သတင်းရင်းမြစ်များထံမှ သိရှိရသည်။

ဧပြီလ ၅ ရက်နေ့ နံနက်ပိုင်းတွင် ရွှေကုက္ကိုလ်ဒေသရှိ ဒုစရိုက်လုပ်ငန်းများ၊ မာဖီယား ဂိုဏ်းများနှင့်မူယစ်ဆေးဝါးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိသော အကြမ်းဖက်​စစ်တပ်လက်အောက်ခံ BGF ထိန်းချုပ်ထားသည့် ရွှေကုက္ကိုလ် ဒေသ၊ ထီးဝါးပလော၊ ထီးကော်ထောကျေးရွာများ အတွင်းတပ်စွဲ နေရာယူ ထား သော စစ်တပ်၊ BGF စခန်းများကို ဗိုလ်အယ်ဆေးဝါးဦး ဆောင် သော Lion Battalion ဗျုဟာစစ်ကြောင်းနှင့် တော်လှန်ရေးပူးပေါင်းတပ်များက ဗျုဟာ မြောက် ဝင်ရောက်စီးနင်းတိုက်ခိုက်ကြောင်း၊ အကြမ်းဖက် စစ်တပ် နှင့်BGF တပ် များ ၏ စခန်းကုန်း ၅ ကုန်းကို သိမ်းပိုက်ရရှိခဲ့ပြီး စစ်တပ်နှင့် BGF ဘက်မှ သေဆုံးသူ ၈၅ ဦးရှိကြောင်း၊ ဒဏ်ရာရရှိသူ ၆၀ ကျော်ရှိကာ လက်နက် ၇၅ လက် သိမ်းဆည်းရရှိကြောင်း၊ သေဆုံးသူများတွင် မြဝတီမြို့နယ် မဲပလဲ့အခြေစိုက် BGF ၁၀၁၇ တပ်ရင်း တပ်ရင်းမှူး ဗိုလ်မှူးဒီးဒီ သေဆုံးခဲ့ပြီး BGF တချို့ လက်နက်ချ အညံ့ခံကြောင်း သိရှိရသည်။

“ဗိုလ်မှူးဒီးဒီကတော့ သူက စောချစ်သူရဲ့ လက်ရုံးပဲ။ အနားမှာ ခေါ်ထားတဲ့သူ။ အခုတော့ သူလည်းသေပြီ။ နောက်ပြီး တိုက်ပွဲမှာ BGF တွေ သေတာများသလို မသေဘဲ လက်နက်ချ အညံ့ခံသူတွေလည်းရှိတယ်။ ရှိတယ်ဆိုတာက တချို့က တိုက်တဲ့အချိန်မှ အညံ့ခံတာရှိသလို တချို့ တိုက်ပွဲ မဖြစ်ခင်ကတည်းက ကြို တင် ဆက်သွယ်ပြီး လက်နက်ချတာ။ အဲဒီလိုရှိပါတယ်။ BGF ရဲဘော် တွေက တော့ သူတို့ အခြေအနေ သူတို့ သိကြတော့ အကုန်ပြေးဖို့ ပြင်နေကြပြီ” ဟု တော်လှန်ရေး သတင်းရင်းမြစ်က ပြောသည်။

ရွှေက္ကိုလ်တိုက်ပွဲတွင် ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့များဘက်မှလည်း ကျဆုံး ထိခိုက် မှုရှိကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်များနှင့် စစ်ကြောင်းများမှ ရွှေက္ကိုလ် တိုက်ပွဲအပြီး ရှေ့တန်းစစ်ရေး စစ်မျက်နှာပြင်များသို့ ဆက်လက် ချီတက်နေဆဲဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ဧပြီလ ၆ ရက်နေ့ သေဆုံးသွားသည့် BGF အလောင်းများကို တင် ဆောင် လာသည့် ကားတစ်စီး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article