30 C
Yangon

ကနီတွင် CDM ဝင်ထားသည့် ဆင် ၃၆ ကောင်နှင့် ဆင်ထိန်း မိသားစုဝင်များ စားဝတ်နေရေး ခက်ခဲ နေပြီး ဆေးဝါး မပြည့်စုံ၍ ဆင် ၁ ကောင်သေဆုံး

Must read

ကနီတွင် CDM ဝင်ထားသည့် ဆင် ၃၆ ကောင်နှင့် ဆင်ထိန်း မိသားစုဝင်များ စားဝတ်နေရေး ခက်ခဲ နေပြီး ဆေးဝါး မပြည့်စုံ၍ ဆင် ၁ ကောင်သေဆုံး

ရန်ကုန်၊ မေ ၂၉

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တောတွင်း တစ်နေရာ၌ CDM ဝင်ထားသော ဆင် ၃၆ ကောင်နှင့် ဆင်ထိန်း မိ သားစုဝင် ၁၀၃ ဦးမှာ စားဝတ်နေရေး အခက်အခဲ ကြုံနေရပြီး ပြည်သူများအနေဖြင့် ဆန်တစ်ပြည်ဖိုး လောက် ဖြစ်ဖြစ် ဝိုင်းဝန်ကူညီပေးကြပါရန် မေတ္တာရပ်ခံကြောင်း ကျောက်လုံးကြီး KLG တပ်မဟာ မှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဆင်များ ကျန်းမာရေး ဖောက်ပြန်ပါက လိုအပ်သည့်ဆေးဝါးများ၊ ဆင်ထိန်းမိသားစုဝင်များ၏ စားဝတ်နေရေး အခက်အခဲ ကြုံတွေ့နေရပြီး အမျိုးသား ညီညွတ်ရေးအစိုးရ ထံမှထောက်ပံ့မှု တစ်ကြိမ်သာ ရရှိထားပြီး ကြာမြင့်နေပြီ ဖြစ်ကြောင်း၊ ပြည်သူများ၏ ထောက်ပံ့ ကူညီမှုမှာလည်း နည်းပါးနေသဖြင့် ပြေလည်မှုမရှိဘဲ အခက်အခဲ ဖြစ်နေကြောင်း သိရသည်။

“ဆင်ဦးစီးမိသားစု စားစရာမရှိလို့ အရမ်းဒုက္ခရောက်နေကြတယ်ဗျ၊ ဆင်တွေနဲ့ကလည်း သားသမီး သဖွယ်ဖြစ်နေပြီး ဆင်ထိန်း သိမ်းစောင့်ရှောက်ရုံသက်သက်ပဲ ဆိုတော့ သူတို့စားဝတ်နေရေးအတွက် အဆင့်မပြေဖြစ်နေတာ၊ မနှစ်ကဆိုရင် ဆင်တစ်ကောင်ရောဂါဖြစ်တာ ဆေးမကုနိုင်လို့ သေသွားသေးတယ်။ ကူညီထောက်ပံ့မယ့်လူကလည်းလဲ မရှိတော့ စားဝတ်နေရေးအရမ်းအခက်အခဲဖြစ်နေလို့ သူတို့ ကိုယ်စားမေတ္တာရပ်ခံတာပါ” ဟု ကျောက်လုံးကြီး KLG တပ်မဟာမှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာန ထံသို့ ပြောကြားသည်။

ဆင်ဦးစီး မိသားစုနှင့် ဆင်များကို ထောက်ပံ့ ကူညီပေးမည့် ပြည်သူများအနေဖြင့် ကျောက်လုံးကြီး KLG တပ်မဟာhttps://www.facebook.com/profile.php?id=100089387556146 Page Messenger မှ ဆက်သွယ် လှူဒါန်းနိုင်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article