28 C
Yangon

ယင်းမာပင်မြို့နယ်၊ ကပိုင်ရွာကို တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်တပ်က တိုက်လေယာဥ်ဖြင့် ပစ်ခတ်

Must read

ယင်းမာပင်မြို့နယ်၊ ကပိုင်ရွာကို တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်တပ်က တိုက်လေယာဥ်ဖြင့် ပစ်ခတ်

ရန်ကုန်၊ မေ ၂၉

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ကပိုင်ရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ တိုက်လေယာဥ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ မေလ ၂၉ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၈ မိနစ်နှင့် ၂ နာရီ ၄၆ မိနစ်တို့ တွင် ယင်းမာပင်မြို့နယ်၊ ကပိုင်ရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ တိုက်လေယာဉ်ဖြင့် ၂ ကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“တိုက်လေယာဉ်နဲ့ ၂ ကြိမ်လာပစ်သွားတာ ကပိုင်ရွာရဲ့ အနောက်တောင်ဘက် ရွာထဲကျတယ်။ ၁ နာရီ ၄၈ မိနစ်မှာ တစ်ကြိမ်၊ ၂ နာရီ ၄၆ မိနစ်လောက်မှာ တစ်ကြိမ် တိုက်ပွဲ ဖြစ်တာ မရှိဘဲ လာပစ်သွားတာ လူအထိအခိုက်တော့ အသေးစိတ်မသိရသေးဘူး။ ရွာထဲမှာက လူတွေ ရှိတယ်” ဟု ပြည်သူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article