36 C
Yangon

Khit Thit သတင်းဌာန၏ ဇွန် ၁ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ ဇွန် ၁ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇွန် ၁ ရက် နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့

-ချင်းပြည်နယ်၊ မင်းတပ် မြို့မှာရှိတဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ မင်းတပ် အခြေစိုက် ခလရ ၂၇၄ တပ်က ဒုတပ်ရင်းမှူး (2iC) ဗိုလ်မှူး စိုးထက်ပိုင်တိုး ဆိုသူဟာ စနိုက်ပါထိမှန်ပြီး သေသွားတယ်လို့ ရန်ကုန် ခေတ်သစ်ရဲ့ သတင်းရင်းမြစ်ဆီကနေ သိရပါတယ်။

– ပဲခူးတိုင်းအတွင်းမှာ အရပ်ဝတ်နဲ့သွားလာနေနတဲ့ အကြမ်းဖက် စစ်ကော်စီရဲ့ တောင်ငူ-အခြေစိုက် လေကြောင်းရန် ကာကွယ်ရေးတပ် ၁၀၁၅ က ဒုတိယဗိုလ်မှူးကြီး ရဲနိုင် ဆိုသူကို ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်တွေကနေ ပစ်သတ်ရှင်းလင်းရာမှာသေသွားတဲ့အပြင် ဆိုင်ကယ်နဲ့ဖုန်းကိုပါ သိမ်းဆည်း ရမိထားတယ်လို့ ရေတာရှည် ပြည်သူ့ကာကွယ်ရေးတပ်ရဲ့ ဗိုလ်ကြက်သွန်က ရန်ကုန်ခေတ်သစ် ကိုပြောပါတယ်။

– မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်က ကန်သာ-ကျေးရွာ နဲ့ သာကောင်းကျေးရွာ အကြားမှာ အကြမ်းဖက် စစ်ကောင်စီတပ် စစ်ကြောင်းကို တော်လှန်ရေးအင်အားစုတွေကနေ ပူးပေါင်းတိုက်ခိုက်ရာမှာ အကြမ်း ဖက်စစ်ကောင်စီဘက်က ၄ ဦးသေသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article