37 C
Yangon

ယင်းမာပင်ခရိုင်ရှိ MOD က လက်နက် ၁၀၀ တပ်ဆင်ပေးထားသည့် MRDA တပ်ရင်း ၄ ရင်းကို MOD လက်အောက်က ထုတ်ပယ်

Must read

ယင်းမာပင်ခရိုင်ရှိ MOD က လက်နက် ၁၀၀ တပ်ဆင်ပေးထားသည့် MRDA တပ်ရင်း ၄ ရင်းကို MOD လက်အောက်က ထုတ်ပယ်

ရန်ကုန်၊ ဩဂုတ် ၁၂

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် အခြေပြုလှုပ်ရှားနေသည့် မြန်မာ့တော်ဝင်နဂါးတပ်တော် – MRDA တပ် ဖွဲ့ အနေဖြင့်က ပေးအပ်ထားသည့် တပ်ရင်း ၄ ရင်းကို MOD က ထုတ်ပယ်ကာ သီးခြားရပ်တည် သွားရန် ညွှန်ကြားခဲ့ကြောင်း MRDA တပ်ဖွဲ့ခေါင်းဆောင်ဗိုလ်နဂါးက ပြောကြားသည်။

ယမန်နေ့ ဩဂုတ်လ ၉ ရက် ည ၉ နာရီခန့်က မြန်မာ့တော်ဝင်နဂါးတပ်တော် – MRDA တပ်ဖွဲ့ခေါင်း ဆောင် ဗိုလ်နဂါးက ၎င်း၏ လူမှုကွန်ယက်မှတဆင့် ပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ် သည်။

“ကျနော်တို့က ဒီအတိုင်းလည်း အစိုးရကို အသိအမှတ်ပြုပေးတဲ့အနေနဲ့ဒီတပ်ရင်းတွေကိုထည့်ပေး ထားပေမယ့် ကျနော်တို့ ကိုယ်ဟာနဲ့ကိုယ်ပဲ အများကြီး ကြိုးစားပြီးတော့ ကူညီပေးနေပါတယ်၊ ဒီ တပ်ရင်း ၄ ရင်းကိုတော့ MOD က လက်နက် ၁၀၀ တပ်ပေးထားတယ်၊ ဒါပေမယ့် အခုဟာကတော့ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ကလည်း MRDA အဖြစ်နဲ့ပဲ ရပ်တည်ပါလို့ ပြောလာခဲ့ပြီပေါ့နော်၊ ပြောလာခဲ့ပြီဆိုတော့ လူထုတွေကို ပိုပြီးအကူအညီတောင်းချင်ပါတယ်၊ ဒီတပ်ရင်းတွေကိုလည်း ကျနော်တို့တော်လှန်ရေးတပ်မတော်ထဲမှာပဲ ပြန်ပေါင်းလိုက်တော့မှာ ဖြစ်ပါတယ်၊” MRDA တပ်ဖွဲ့ခေါင်း ဆောင်ဗိုလ်နဂါးက ပြောကြားသည်။

အဆိုပါတပ်ရင်းများမှာ ယင်းမာပင်ခရိုင် တပ်ရင်း ၃ ၊ တပ်ရင်း ၄ ၊ တပ်ရင်း ၅ ၊ တပ်ရင်း ၆ တို့ဖြစ်ပြီး ခရိုင် တပ်ရင်း ၆ ကို ကာကွယ်ရေးဝန်ကြီးဌာနမှ လက်နက် ၁၀၀ တပ်ဆင်ပေးထားကြောင်း၊ တပ်ရင်း ရိက္ခာအဖြစ် တစ်လျှင် သိန်း ၁၀၀ ထောက်ပံ့ပေးထားသော်လည်း လက်ရှိတပ်ရင်းမှ လက်ခံရရှိထားမှု များမှာ ၂၈ သိန်းရသည့်လသည် အများဆုံးဖြစ်ပြီး ၂၀၂၂ ခုနှစ်၊ အောက်တို့ဘာလကတည်းက ထောက် ပံ့ပေးခဲ့ကြောင်း သိရသည်။

“NUG က အဲဒီလက်နက် ၁၀၀ ကိုတော့ ပြန်မတောင်းပါဘူး၊ အခုချိန်အထိပေါ့နော်၊ ပြန်တောင်း ရင် လည်း ကျနော်ကတော့စိတ်ကူးထားတာပဲ၊ တော်လှန်ရေးပြီးတဲ့အထိ ဒီလက်နက် ၁၀၀ ကတော့ ငှားထားရမှာပဲ၊ ရဲဘော်တွေလည်း သင်တန်းလည်းတက်ထားတယ်၊ ဒီလက်နက်တွေနဲ့ တိုက်ပွဲ လည်း ဝင်ထားပြီးပြီ။ သင်တန်းဆင်းထားတဲ့ တပ်ရင်း ၄ ရင်းအတွက် ဒီလက်နက် ၁၀၀ ကိုတော့ တကယ် လို့ပြန်တောင်းလာခဲ့ရင်တော့ ဝန်ကြီးကိုကောင်းကောင်းမွန်မွန်ပြောပြီးတော့ ငှားထားဖို့ စိတ်ကူးထား တာရှိတယ်၊”

ထို့သို့ ထုတ်ပယ်လိုက်သော်လည်း စစ်ရေးအခြေအနေ ပူးပေါင်းဆောင်ရွက်ရန် ဖိတ်ခေါ်ထားကြောင်း၊ MRDA တပ်ဖွဲ့အနေဖြင့် သီးခြားရပ်တည်ကာ ရှေ့ဆက်တိုက်ခိုက်ရမည့် စစ်ရေးအခြေအနေများကို ကာကွယ်ရေးဝန်ကြီးနှင့် သီးသန့်တွေ့ဆုံဆွေးနွေးခြင်းဖြင့် ကောင်းမွန်သည့် ဆက်ဆံရေးကို ထူထောင် ကာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆင်နွှဲမည့် တိုက်ပွဲများ၌ ပူးပေါင်းဆောင်ရွက်ရန် အသိအမှတ်ပြု ဖိတ်ခေါ်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article