25 C
Yangon

ပြင်ဦးလွင် စစ်တက္ကသိုလ်တွင် ရာထူးတိုးမြှင့်ပေးသော်လည်း ကျောင်းဆရာ ဒုတိယဗိုလ်မှူးကြီး ၁ ဦး အပါအဝင် အရာရှိ ၆ ဦး ထွက်ပြေး

Must read

ပြင်ဦးလွင် စစ်တက္ကသိုလ်တွင် ရာထူးတိုးမြှင့်ပေးသော်လည်း ကျောင်းဆရာ ဒုတိယဗိုလ်မှူးကြီး ၁ ဦး အပါအဝင် အရာရှိ ၆ ဦး ထွက်ပြေး

ရန်ကုန်၊ အောက်တိုဘာ ၁၃

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ စစ်တက္ကသိုလ်(DSA)တွင် ရာထူးတိုးမြှင့်ပေးသော်လည်း ကျောင်းဆရာ ဒုတိယဗိုလ်မှူးကြီး ၁ ဦး အပါအဝင် အရာရှိ ၆ ဦးမှာ တက္ကသိုလ်တွင် ဆက်လက် အလုပ်မလုပ်တော့ဘဲ တပ်မှ ထွက်ပြေး သွားကြောင်း တပ်တွင်းသတင်းရင်းမြစ်က ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက ဩဂုတ်လ ၂၉ ရက်နေ့တွင် စာပေဌာနမှ ဗိုလ်မှူး —-ကို ဒုတိယဗိုလ်မှူးကြီး ရာထူးသို့ တိုးမြှင့်ပေးခဲ့ကြောင်း၊ သို့ရာတွင် ဒုတိယဗိုလ်မှူးကြီး —–၏ မိဘနှင့်ဆွေမျိုးများသည် ဆားလင်းကြီးမြို့နယ်တွင် နေထိုင်ကြပြီး စစ်တပ်၏ အကြမ်းဖက်မှုများကြောင့် မိဘများ၏ နေအိမ်များ ဆုံးရှုံးခြင်း၊ ပစ္စည်းများ လုယက်ခံရခြင်းများ ကြုံတွေ့ရကြောင်း၊ ဒုတိယဗိုလ်မှူးကြီး —-နှင့်အတူ ကျောင်းဆရာ အရာရှိ ဗိုလ်မှူးနှင့် ဗိုလ်ကြီး ၅ ဦးတို့ပါ စစ်တက္ကသိုလ်မှ ထွက်ပြေးသွားကြကြောင်း ၊ လေ့ကျင်ရေးဌာနမှ အရာရှိ ၂ ဦး၊ စာပေဌာန မှ ဒုတိယဗိုလ်မှူးကြီး ဌေးခိုင် အပါအဝင် အရာရှိ ၂ ဦး၊ ဘွဲ့လွန် သင်တန်းမှ အရာရှိ ၂ ဦး စုစုပေါင်း ကျောင်းဆရာ အရာရှိ ၆ ဦး ထွက်ပြေးကြခြင်းဖြစ်ကြောင်း သိရှိရသည်။

“ဒုတိယဗိုလ်မှူးကြီး —-ကတော့ ခွင့်ယူပြီး ပြန်မလာတော့ဘူး။ ၂ လလောက်ရှိနေပြီ” ဟု စစ်ဘက်ဆိုင်ရာ သတင်းရင်းမြစ်က ရှင်းပြသည်။

စစ်ကောင်စီ၏ ဒုတိယခေါင်းဆောင် စိုးဝင်းက အောက်တိုဘာလလဆန်းပိုင်းတွင် စစ်တက္ကသိုလ်အပါအဝင် စစ်ဘက်ဆိုင်ရာ တက္ကသိုလ်များတွင် စစ်လက်ရုံး ရွေးချယ်ပွဲများ လုပ်ဆောင်ခဲ့ရာ ကျောင်းဆရာ အရာရှိများ ထွက်ပြေးသဖြင့် ဖိအားပေး အရေးယူခံရမှုများ ရှိနေကြောင်း သိရှိရသည်။

“စစ်တက္ကသိုလ်မှာ အရာရှိ ၆ ယောက်ရှိပြီ ထွက်သွားကြတာ။ ဒုတိယဗိုလ်မှူး ကြီး ကတော့ တစ်ယောက်တည်း။ ကျန်တာက ဗိုလ်ကြီး၊ ဗိုလ်မှူးတွေပါ။ လေ့ကျင့်ရေးက ၂ယောက်၊ စာပေက ၂ ဦး။ ဘွဲ့လွန်သင်တန်းက ၂ ယောက်။ ထွက်ပြေးတဲ့သူကလည်း များတော့ Choice of Arms စစ်လက်ရုံးရွေးချယ်တဲ့ ခရီးစဉ်ကလည်း ရှိတော့ ပျားတုပ်တာပေါ့” ဟု စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

စစ်တက္ကသိုလ်တွင် ကျောင်းဆရာများသာမက သင်တန်းသား ဗိုလ်လောင်းများပါ အစုလိုက်အပြုံလိုက် ထွက်ပြေးမှု ရှိနေကြောင်း သိရှိရသည်။

(Facebook ၏ Community Standard စည်းမျဉ်းများအရ အရာရှိများ၏ နာမည်များနှင့် အမိန့်စာကို ဖော်ပြ၍ မရနိုင်ပါသဖြင့် ရန်ကုန်ခေတ်သစ်၏ တယ်လီဂရမ် https://t.me/khitthitnews/140192 တွင် အသေးစိတ် သွားရောက် ဖတ်ရှုနိုင်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article