35 C
Yangon

စစ်ကောင်စီက အပစ်ရပ်ရေး သဘောတူညီချက်ကို အကြိမ်ကြိမ် ချိုးဖောက်ပြီး မိုးကုတ်ရှိ TNLA တပ်ကို စစ်တပ်က ထိုးစစ်ဆင်တိုက်ခိုက်

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၂

အကြမ်းဖက်စစ်ကောင်စီက အပစ်ရပ်ရေး သဘောတူညီချက်ကို ချိုးဖောက်ပြီး မိုးကုတ်မြို့နယ်ရှိ TNLA တပ်ကို လာရောက်ထိုးစစ်ဆင်ကြောင်း TNLA က သ တင်း ထုတ်ပြန်သည်။

ဇန်နဝါရီလ ၂၁ ရက်နေ့ ည ၈ နာရီအချိန် မိုးကုတ်မြိုနယ်တွင် စစ်ကောင်စီ တပ်က တအာင်းတပ်မတော် TNLA ရှိရာသို လာရောက်ထိုးစစ်ဆင်တိုက်ခိုက် မှု ကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ TNLA တပ်ရှိသည့် မိုးကုတ်နှင့် မိုးမိတ် အကြား ၈ မိုင်သို့ စစ်တပ်က လာရောက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ လက်နက် ၃ လက် သိမ်းဆည်းရခဲ့ မိ ကြောင်း သိရှိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၃ ရက်နေ့ ကျောက်မဲမြို့ စစ်ကောင်စီ ၅၀၁-၅၀၂ တပ်စခန်းမှ အင်အားအလုံးအရင်းဖြင့် တအာင်းတပ်မတော် PSLF/TNLA တည်ရှိရာ ငြိမ်းချမ်းရေးကုန်းသို လာရောက်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း၊ ပြည်သူများ စစ်ဘေးဒဏ်သင့်မည် စိုးရိမ်သောကြောင့် TNLA က ငြိမ်းချမ်းရေး ကုန်းမှ ယာယီ နောက်ဆုတ်ပေးခဲ့ရကြောင်း သိရှိရသည်။

ဇန်နဝါလရီလ ၁၁ ရက်နေ့တွင် အပစ်ခတ်ရပ်စဲရေးလက်မှတ် ထိုးခဲ့ပြီးနောက်၊ ယနေ့ ဇန်နဝါရီလ ၂၂ ရက်နေ့အထိ စစ်ကောင်စီတပ်မှ မိုးမိတ်၊ ကျောက်မဲ၊ မိုးကုတ်၊ နမ့်ခမ်း၊ လားရှိးမြိုနယ်သို ထိုးစစ်ဆင် တိုက်ခိုက်လာခြင်း၊ လက် နက် ကြီးနှင့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်လျက်ရှိကြောင်း ၊ စစ်ကောင်စီ၏ လုပ်ရပ်သည် အပစ်ခတ်ရပ်စဲရေးလက်မှတ်ကို အကြိမ်ကြိမ် ချိုးဖောက် ခြင်း ဖြစ်ကြောင်း TNLA က ပြောဆိုသည်။

#နွေဦးတော်လှန်ရေး #yktnews #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #TNLA #PSLF

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article