25 C
Yangon

ရေစကြို၊ ကြူကျေးရွာကို တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က မီးတင်ရှို့မှု သက်ကြီးရွယ်အို ၂ ဦးမီးလောင်သေဆုံးပြီး အိမ်ခြေ ၃၀၀ နီးပါး ရွာလုံးကျွတ် ပြာကျ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၈

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ကြူကျေးရွာကို စစ်တပ်က ယမန်နေ့ညပိုင်း မီးတင်ရှို့ခဲ့ရာ သက်ကြီးရွယ်အို ၂ ဦး မီးလောင်သေဆုံးပြီး အိမ်ခြေ ၃၀၀ နီးပါး ရွာလုံးကျွတ် ပြာကျသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၈ ရက်နေ့နံနက်ပိုင်း ရေစကြိုမြို့နယ်၊ ကြူကျေးရွာအနီးရှိ ဆင်မရဲကျေးရွာတွင် စစ်တပ်နှင့် တော်လှန် ရေး တပ်များ တိုက်ပွဲဖြစ်ပွားကြောင်း၊ ယင်းနောက် ယမန်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်အချိန် စစ်တပ်က တိုက်ပွဲဖြစ်ပွားရာ ဆင်မရဲကျေးရွာအနီးရှိ ကြူကျေး ရွာ ကို မီးတင်ရှို့ခဲ့ကြောင်း၊ ကြူကျေးရွာတွင် အိမ်ခြေ ၃၀၀ နီးပါးရှိပြီး တစ်ရွာလုံး ပြာကျသွားကြောင်း သိရှိရသည်။

“ရေစကြိုမြို့နယ် ကြူရွာ ကျေးရွာကို စစ်ခွေးတွေ မီးတင်ရှို့နေတာ တစ်ရွာလုံးကုန်ပြီ။ ဇန်နဝါရီ ၂၈ ရက်နေ့ညနေပိုင်းမှ မီးတင်ရှို့တာ။ တိုက်ပွဲက မနက်က ဆင်မရဲမှာ ဖြစ်တယ်။ ကြူရွာမှာ တိုက်ပွဲ မဖြစ်ဘူး။ ရွာမှာ မီးရှို့ခံရတဲ့ အိမ်ခြေ ခန့်မှန်း နှစ်ရာကျော်၊ သုံးရာနီးပါးတော့ရှိမယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ကြူကျေးရွာ မီးရှို့ခံရမှုတွင် သေဆုံးသွားသော သက်ကြီးရွယ်အို ၂ ဦးမှာ မီးလောင်နေချိန် ထွက်မပြေးနိုင်သဖြင့် မီးထဲပါသွားပြီး အသက်သေဆုံးခြင်းဖြစ်ကြောင်း သိရှိရသည်။

#နွေဦးတော်လှန်ရေး #yktnews #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article