25 C
Yangon

မိုးညှင်းမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၄ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၉

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၄ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိခဲ့ကြောင်း မိုးညှင်းမြို့နယ် KPDF တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ ဇန်နဝါရီလ ၂၉ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်ခန့်တွင် နန်းမားအခြေစိုက် အကြမ်းဖက် စစ်တပ်၏ အမတ ၃၆၇ အမြောက်တပ်ရင်းက ညောင်ပင်သာရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ပြီး ကျေးရွာထိပ်၌ ကျရောက်ပေါက်ကွဲခဲ့ပြီး ဆိုင်ကယ်စီးလာသည့် ကျေးရွာနေ ပြည်သူ အသက် ၅၉ နှစ်အရွယ် နန့်စော်လော်ရွာသား ဦးထွန်းရွှေ ဆိုသူသေဆုံးခဲ့ပြီး ၁ ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ဇန်နဝါရီလ ၂၇ ရက်နေ့ကလည်း မိုးညှင်းမြို့နယ်၊ ညောင်လေးပင်ရွာကို နန်းမားအခြေစိုက် အကြမ်းဖက် စစ်တပ်၏ အမတ ၃၆၇ အမြောက်တပ်ရင်းက လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ၅ နှစ်အရွယ်ကလေးငယ် ၁ ဦးနှင့် ပြည်သူ ၂ ဦး သေဆုံးကာ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီက ပြည်သူများ နေထိုင်သည့် နေရာများကို လက်နက်ကြီးဖြင့် မကြာခဏ ပစ်ခတ်နေသည့်အတွက် အပြစ်မဲ့ ပြည်သူများ အကြောင်းမဲ့ ထိခိုက်သေဆုံးနေရနေပြီး ပြည်သူများအနေဖြင့် လက်နက်ကြီးအန္တရာယ်၊ လေကြောင်းအန္တရာယ်များ အချိန်မရွေးကြုံ​တွေ့နိုင်တဲ့အတွက် မိမိတို့ရဲ့ အသက်ဘေးလုံခြုံမှုအတွက် အထူးဂရုစိုက်ကြရန် မိုးညှင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

#နွေဦးတော်လှန်ရေး #yktnews #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article