25 C
Yangon

နွားထိုးကြီးမြို့နယ်နှင့် မလှိုင်မြို့နယ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၄ ဦးသေဆုံး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၃၀

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်နှင့် မလှိုင်မြို့နယ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၄ ဦးသေဆုံးခဲ့ကြောင်း Natogyi People Defence Force မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်း ထံမှ သိရသည်။

ဇန်နဝါရီလ ၂၇ ရက်နေ့ နံနက် ၈ နာရီခန့်တွင် နွားထိုးကြီးမြို့ပေါ်ရှိ ရဲစခန်းနှင့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ တပ်စွဲထားသော ဆောက်လုပ်ရေးရုံးတို့ကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီး ၄ ကြိမ်ကျဲချ တိုက်ခိုက်ခဲ့ရာ ၃ လုံးကျ ပေါက်ကွဲခဲ့ပြီး ထိခိုက် ဒဏ်ရာရရှိသူများရှိကြောင်း သိရှိရသည်။

အလားတူ ဇန်နဝါရီလ ၂၉ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် နွားထိုးကြီးမြို့နယ်၊ ပြင်စည် စာသင်ကျောင်း၀င်းအတွင်း တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီး ၃ ကြိမ်ကျဲချ တိုက်ခိုက်ခဲ့ရာ ၂ လုံးကျရောက် ပေါက်ကွဲခဲ့ပြီး ဗိုလ်အဆင့်ရှိသူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် မလှိုင်မြို့နယ် သုံးထောင်ကျေးရွာရှိ အင်အား ၂၅ ဦးခန့်ရှိသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီး ၁ လုံး ထပ်မံ ကျဲချ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၄ ဦးသေဆုံးပြီး ၃ ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Natogyi People Defence Force မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်း ၊ Myingyan District Drone Strike အမှတ်1848 ဒရုန်းတပ် ၊ မြင်းခြံခရိုင်အမှတ် (၈)တပ်ရင်း NRDF ၊ မလှိုင်မြို့နယ် ပကဖ (MHLG Wing) ၊ ဗိုလ်စားပျောက်ကြားတပ်ဖွဲ့ (မြင်းခြံ) နှင့် နွားထိုးကြီးမြို့နယ် (ပကဖ) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #NatogyiPeopleDefenceForce #MyingyanDistrictDroneStrike #1848 #NRDF #MHLGWing

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article