25 C
Yangon

ဘင်္ဂလားဒေ့ရှ်၊ ကော့ဘဇား မြို့သို့ စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည် ၁၃ လုံးကျရောက်ပေါက်ကွဲသဖြင့် ဘင်္ဂလားဒေ့ရှ် က စစ်ကောင်စီ ကို ကန့်ကွက်သတိပေး

Must read

ရန်ကုန် ၊ ဇန်နဝါရီ ၃၁

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ် အနီးမှာတည်ရှိတဲ့ ကော့ဘဇား မြို့ကိုလက်နက်ကြီးကျည် ၁၃ လုံးကျရောက်လာလို့ ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတွေ က မြန်မာစစ်ကောင်စီကို သတိပေး ကန့်ကွက်စာ ပေးပို့ခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီး ဒေါက်တာ ဟာဆန်မာမွတ် ပြောပါတယ်။

ဇန်နဝါရီလ ၂၇ ရက်နေ့ မြန်မာစစ်တပ် နဲ့ ရက္ခိုင့်တပ်တော် AA တို့အကြား နှစ်နိုင်ငံ နယ်စပ် အနီးတိုက်ပွဲ ဖြစ်ပွား ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်ဘက် ကော့ဘဇား မြို့ကို ၁၂၀ မမ စိန်ပြောင်း ကျည် (Mortar Shell) ၁၃ လုံးကျရောက်ခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် ၃၄ (BGB) တပ်ရင်း ကလည်း သတင်းထုတ်ပြန်ထားပါတယ်။

လတ်တလောမှာတော့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် ၃၄ (BGB) တပ်ရင်း က လက်နက်ကြီးကျည်တွေ ဘင်္ဂလားဒေ့ရှ် နိုင်ငံ နယ်နိမိတ် ထဲ ကျရောက်လာတဲ့ အကြောင်း အရင်းနဲ့ပတ်သက်ပြီး မြန်မာ စစ်ကောင်စီ ထံ ကန့်ကွက်

သတိပေးစာပို့ထားတယ်လို့ ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ဟာဆန်မာမွတ်ကလည်း မြန်မာ နယ်စပ် အခြေအနေကို အနီးကပ် စောင့်ကြည့်နေပြီး လတတ်တလောမှာ နယ်စပ်တလျှောက်လုံခြုံရေးတိုးမြင့် ချထားပြီး ပြည်သူတွေကို လည်း လုံခြုံရေး သတိပေးချက်ထုတ်ပြန်ထားတယ်လို့ သတင်းစာရှင်းလင်း ပွဲ မှာပြောကြား ခဲ့ပါတယ်။

“ တိုက်ပွဲတွေကြောင့် လက်နက်ကြီးကျည်တွေ ဘင်္ဂလားဒေ့ရှ် နယ်မြေထဲ ကျရောက်လာပါတယ်။ ကျွန်တော် အနေနဲ့ကတော့ ဒီလက်နက်ကြီးကျည်ဆန်တွေ ထပ်မကျလာဖို့ မျှော်လင့်ပါတယ်။” လို့ ဒေါက်တာ ဟာဆန်မာမွတ် ကပြောပါတယ်။

တရုတ် – မြန်မာ နယ်စပ် မှာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာလည်း မြန်မာ စစ်ကောင်စီ တပ်တွေ ဘက်ကပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျည် တွေတရုတ်နိုင်ငံထဲကျရောက်လို့ မကြာခဏ သတိပေးခံထား ရပါတယ်။

ဇန်နဝါရီ လ ပထမပတ်ကလည်း တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကျန်းကန်ခရိုင်မှာ မြန်မာဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲမှုကြောင့် လူငါးဦးသေဆုံးခဲ့တယ်လို့ တရုတ်အခြေစိုက် သတင်းဌာနတွေက ဖော်ပြခဲ့ပြီး တရုတ်အစိုးရ စစ်ကောင်စီ ကိုအပြင်းအထန်ကန့်ကွက်ခဲ့ပါတယ်။

ကိုးကား – Bangladesh Sangbad Sangstha (BSS)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article