25 C
Yangon

စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်များ ၊ BGF များ ဘက်ပြောင်းချိန်တန်ပြီ (သို့မဟုတ်) စစ်တပ်ကို သစ္စာခံခဲ့သော်လည်း ကိုးကန့် ပြည်သူ့စစ်ခေါင်း ဆောင် ပယ်ဆောက်ချိန်နှင့်အဖွဲ့ ကို တရုတ်ထံ စစ်ကောင်စီက လွှဲပေးခဲ့

Must read

By ရန်ကုန်ခေတ်သစ်

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ စစ်တပ်ဟာ သူတို့ အာဏာနဲ့ အသက်ရှင်ရပ်တည်ရေးအတွက် ဘာမဆိုလို လုပ်ဖို့ အဆင့်သင့်ပဲဆိုတာကို ယမန်နေ့ညပိုင်းမှာ သက်သေပြလိုက်ပါတယ်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့ညပိုင်း စစ်ကောင်စီက တရုတ် အစိုးရက ဖမ်းဝရမ်းထုတ်ထားတဲ့ ကိုးကန့် ကျားဖျန့် အဓိက တရားခံ ကိုးကန့်ပြည်သူ့စစ်ခေါင်းဆောင် ပယ်ဆောက်ချိန်နဲ့ အဖွဲ့ကို နေပြည်တော်လေဆိပ်မှာ တရုတ်အစိုးရထံ စစ်ကောင်စီက လွှဲပြောင်း ပေးအပ်လိုက်ပါတယ်။

စစ်ကောင်စီက အခုလွှဲပေးလိုက်တဲ့ ကျားဖျန့် အဓိက တရားခံ ဆိုသူ ပယ် ဆောက် ချိန်ဟာ စစ်တပ်ကို သစ္စာခံခဲ့သူ၊ စစ်တပ်အတွက် နှစ်ပေါင်းများစွာ အလုပ်လုပ်ပေးခဲ့သူ ကိုးကန့် တိုင်းရင်းသား ခေါင်းဆောင်တစ်ဦးဆိုရင်လည်း မမှားနိုင်ပါဘူး။

ပယ်ဆောက်ချိန်က ၁၉၈၉ ခုနှစ် မတ်လ ၁၁ ရက်နေ့မှာ ဗမာပြည်ကွန်မြူနစ်ပါတီ ရဲ့ ဦးဆောင်မှု အောက်ကနေ ခွဲထွက်ခဲ့ချိန်ကနေ ၂၀၀၉ ဩဂတ် ၂၅ ရက်နေ့အထိ နဝတ စစ်အစိုးရနဲ့ ပထမဦးဆုံး အပစ်အခတ်ရပ်စဲခဲ့တဲ့ ကိုးကန့်တပ်ဖွဲ့ရဲ့ အဓိက ခေါင်းဆောင်ဖြစ်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ကိုးကန့် တပ်ဖွဲ့မှာ ဖုန်ကျားရှင် က စစ်ဦးစီးချုပ် ဖြစ်ပြီး ပယ်ဆောက်ချိန် က ဒုတိယ စစ်ဦးစီးချုပ် တာဝန်ယူခဲ့တာပါ။

၂၀၀၉ ခုနှစ်ထဲမှာ နအဖ စစ်အစိုးရက အပစ်ရပ်အဖွဲ့တွေကို နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး လုပ်ခိုင်းတဲ့အချိန်မှာ ဖုန်ကျားရှင် နဲ့ ပယ်ဆောက်ချိန် တို့ အမြင်မတူကြတော့ပါဘူး။ ထိုစဉ်တုန်းက ပယ်ဆောက်ချိန်က ဖုန်ကျားရှင်းကို အသိမပေးဘဲ နအဖ စစ်အစိုးရနဲ့ ပူးပေါင်းပြီး ကိုးကန့်ဒေသကို ရုတ်တရက် အာဏာသိမ်းယူခဲ့ပါတယ်။

ထိုစဉ်က ကိုးကန့်တပ်ဖွဲ့ ဥက္ကဌ စစ်ဦးစီးချုပ် ဖုန်ကျားရှင်း နဲ့ သစ္စာခံ တပ်တွေဟာ အလစ်အငိုက် တိုက်ခိုက်ခံလိုက်ရပြီး အကျအဆုံး များပြားခဲ့ပါတယ်။ လက်ရှိ MNDAA စစ်ဦးစီးချုပ် ဖုန်တယ်ရန်ကလည်း ဖခင် ဖုန်ကျားရှင်နဲ့အတူ စစ်တပ်နဲ့ပူးပေါင်းတဲ့ ပယ်ဆောက်ချိန်တို့အဖွဲ့ကို အလူးအလဲ ခံတိုက်ခဲ့ပါတယ်။

အခု MNDAA က ပြန်လည် သိမ်းယူထားပြီ ဖြစ်တဲ့ လောက်ကိုင် -ရန်လုံကျိုင်း နယ်စပ်ဂိတ် နယ်ခြားကူး တံတားမှာ နောက်ဆုံးအချိန်အထိ ဖုန်ကျားရှင်နဲ့ တပ်တွေက စစ်တပ်နဲ့ပူးပေါင်းသွားတဲ့ ပယ်ဆောက်ချိန်ကို ခုခံ တိုက်ခိုက်ခဲ့ပါတယ်။ နောက်ဆုံးမှာ ဖုန်ကျားရှင်နဲ့ တပ်တွေက အရှုံးများစွာနဲ့ ဆုတ်ခွာပြီး လက်ကျန် သစ္စာခံ ရဲဘော်တွေနဲ့ ဆုတ်ခွာ တပ်ဖျောက်နေခဲ့ရပါတယ်။ ‌

အဲဒီနောက်မှာ ပယ်ဆောက်ချိန်က ၂၀၀၉ ဩဂုတ် ၂၅ ရက်နေ့က စပြီး ကိုးကန့် အထူးဒေသ(၁) ဥက္ကဌ ၊ ကိုးကန့် ပြည်သူ့စစ်တပ်ရဲ့ စစ်ဦးစီးချုပ် တာဝန်ယူခဲ့ပါတယ်။ နအဖ စစ်အစိုးရခေတ်ကနေ အခု စစ်ကောင်စီ စစ်အစိုးရခေတ်အထိ နိုင်ငံရေး ရော စစ်ရေး အရပါ အကျိုးတူ မိတ်ဖက်တွေ ဖြစ်ခဲ့ကြပါတယ်။ ၁၄ နှစ်အကြာ အကြမ်းဖက် စစ်တပ်အတွက် ပယ်ဆောက်ချိန်က အမှုထမ်းပြီး အကျိုးဆောင်ခဲ့သူ စစ်တပ်သစ္စာခံတစ်ဦးဖြစ်ခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ မင်းအောင်လှိုင်နဲ့ စစ်ကောင်စီက မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ရဲ့ ထိုးစစ်တွေ ဆက်လက်မရှိစေရေးအတွက် ကိုးကန့် ပြည်သူ့စစ်ခေါင်းဆောင် ပယ်ဆောက်ချိန်နဲ့ အဖွဲ့ကို တရုတ် လက်ထဲ ထိုးအပ်လိုက်ပါပြီ။

တရုတ်ရဲတွေကို နေပြည်တော်လေဆိပ် မြေနင်းစေပြီး စစ်တပ်က အမြဲတမ်း ဟစ်ကြွေးနေတဲ့ အချုပ်အခြာအာဏာဆိုတာကို ထိခိုက်ခံလို့ ပယ်ဆောက်ချိန်ကို တရားဝင် လွှဲအပ်ပေးလိုက်ပါတယ်။

ဒီနေရာမှာပြောချင်တာက စစ်ကောင်စီရဲ့ “ကမ္ဘာမီးလောင် သားတောင်ချနင်း” လုပ်ရပ်ကို ပြောချင်တာပါ။ စစ်ကောင်စီဟာ ဘယ်တုန်းကမှ သူတစ်ပါး အကျိုးအတွက်ဆိုတာမျိုး မတွေးတော၊ ဒီမိုကရေစီ၊ လူ့အခွင့်အရေး ဆိုတာကို နားမလည်ပါဘူး။ သူ့အတွက် အကျိုးရှိရင် မည်သူ့ကိုမဆို အသုံးပြုပြီး သူ့အကျိုးစီးပွားနဲ့ သူ့ရပ်တည်ရေး ထိခိုက် လာမယ်ဆိုရင် ဘယ်လိုလုပ်ရပ်မျိုးမဆို လုပ်မယ့် အယုတ်တမာ စိတ်ဓာတ်ရှိတယ်ဆိုတာပါပဲ။

စစ်တပ်မှာ ရဲဘော်ရဲဘက် စိတ်ဓာတ်ဆိုတာမရှိဘဲ အတ္တတွေနဲ့ တည်ဆောက်ထားတဲ့ အကြမ်းဖက် ဖက်ဆစ် စစ်တပ် ဖြစ်ပါတယ်။ စစ်ခေါင်းဆောင်တွေဟာ သူတို့ အာဏာ တည်မြဲရေးနဲ့ သူတို့မိသားစုတွေ ချမ်းချမ်းသာသာ နေထိုင်ရေး အတွက် သူတို့ရဲဘော်တွေရဲ့ အသက်တွေကိုတောင် စစ်မြေပြင်မှာ စတေးနေပါတယ်။

ပယ်ဆောက်ချိန်ရဲ့ ဖြစ်စဉ်ကို ကြည့်ရင် စစ်တပ်က သူ့ကို ဘယ်လောက်ပဲ သစ္စာခံပါစေ သူ့အကျိုးစီးပွားကို ထိခိုက်လာရင် သစ္စာခံ ဖြစ်ပါစေဦးတော့ ထိုးကျွေးပြီး မျက်နှာလွှဲ ခဲပစ် သေချင်သလို သေ၊ ငါနဲ့မဆိုင်ဘူးဆိုတာမျိုး လုပ်တတ်တာပါ။

လက်ရှိ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တွေ၊ ပျူစောထီးတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအားလုံးလည်း ပယ်ဆောက်ချိန်ရဲ့ ဖြစ်ရပ်ကို နမူနာယူကြဖို့လိုပါတယ်။

မြန်မာစစ်တပ်နဲ့ စစ်ကောင်စီဟာ အာဏာတည်မြဲရေးနဲ့ သူတို့ထိပ်ပိုင်း မိသားစုတွေ ချမ်းသာနေဖို့ အရေး မည်သူ့ကိုမဆို ချနင်းဖို့ အသင့်ရှိနေတယ်ဆိုတာကို သိမြင်ပြီး ပြည်သူ့စစ်၊ နယ်ခြားစောင့် BGF ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အနေနဲ့ အချိန်မီ စစ်အာဏာရှင် ဖြုတ်ချရေး တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေး ဘက်တော်သားတွေဆီကို အမြန်ဆုံး ဘက်ပြောင်းသင့်နေပြီလို့ ဆိုချင်ပါတယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #BGF

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article