25 C
Yangon

ဖေဖော်ဝါရီလ ၁ ရက်နေ့ တစ်နိုင်ငံလုံး အသံတိတ်သပိတ်တွင် စျေးဆိုင်များ ပိတ်သိမ်းခြင်းမပြုရန် စစ်တပ်နှင့်စည်ပင်က လိုက်လံ ခြိမ်းခြောက်၊ စျေးဆိုင်ပိတ်လျှင် ထောင်ချမည်ဟုဆို

Must read

■ အသံတိတ်သပိတ်တွင် ရုံးနှင့်ဆိုင်များ ပိတ်ရန်မလိုဘဲ မနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ အပြင်မထွက်ဘဲ ပြည်သူများ ပါဝင်နိုင်

ရန်ကုန်၊ ဇန်နဝါရီ ၃၁

နွေဦးတော်လှန်ရေး ၃ နှစ်ပြည့် ဖေဖော်ဝါရီ ၁ ရက်နေ့ တစ်နိုင်ငံလုံး အသံတိတ် သပိတ်တွင် စျေးဆိုင်များ ပိတ်သိမ်း ခြင်းမပြုရန် ရန်ကုန်နှင့်မန္တလေးမြို့ကြီးများတွင် စစ်တပ်နှင့်စည်ပင်က လိုက်လံခြိမ်းခြောက် ဖိအားပေးလျက်ရှိကြောင်း ရန်ကုန်နှင့် မန္တလေးမှ စျေးဆိုင်ပိုင်ရှင်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

“စည်ပင်နဲ့စစ်သား ၃ ဦးလောက်ပါတယ်။ လက်နက်တွေနဲ့။ ဆိုင်မပိတ်ဖို့နဲ့ ဆိုင်ပိတ်ရင် ထောင်ချခံရနိုင်တယ်ဆိုတာမျိုးပြောတယ်။ ဆိုင်ရှင်နာမည်၊ နေရပ်၊ ဖုန်းနံပါတ်တွေ တောင်းသွားတယ်” ဟု ရန်ကုန်မှ အမည်ဖော်လိုသော ဆိုင်ပိုင်ရှင်တစ်ဦးက ပြောဆိုသည်။ အဆိုပါဆိုင်ပိုင်ရှင်က ဆိုင်တည်ရှိသော မြို့နယ်အမည်ကိုပါ မဖော်ပြရန် မေတ္တာရပ်ခံသည်။

အလားတူ မန္တလေးတွင်လည်း စျေးဆိုင်တချို့ကို ဖေဖော်ဝါရီလ ၁ ရက်နေ့ ပိတ်သိမ်းခြင်းမပြုရန် လိုက်လံ သတိပေးမှုများရှိကြောင်း မန္တလေးဆိုင်တချို့က ပြောဆိုသည်။

“ရပ်ကွက်လူကြီးနဲ့ ရာအိမ်မှူးလာတယ်။ စျေးဆိုင်တွေ မနက်ဖြန် မပိတ်နဲ့။ ပိတ်ရင် အရေးယူခံရလိမ့်မယ်လို့ပြောတယ်။ ဘယ်လို အရေးယူမယ်တော့မပြောပါဘူး။ အဲဒါပဲ ပြောပြီး ပြန်ထွက်သွားတယ်။” ဟု မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်မှ စတိုးဆိုင်ပိုင်ရှင်တစ်ဦးက ပြောဆိုသည်။

ဒေါက်တာတေဇာစန်းအပါအဝင် တော်လှန်ရေး သပိတ်ခေါင်းဆောင်များက ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် နွေဦးတော်လှန်ရေး ၃ နှစ်ပြည့်အဖြစ် အသံတိတ်သပိတ် ပြုလုပ်မည်ဖြစ်ပြီး ယင်းသပိတ်တွင် ပြည်သူလူထု ပါဝင်နိုင်ရန်အတွက် ရုံးနှင့် ဆိုင်များ ပိတ်ရင်မလိုအပ်ကြောင်း၊ ပုံမှန်အတိုင်း ရုံးတက်၊ ဆိုင်ဖွင့်ပြီး မနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ လုံး၀ အပြင်မထွက်ဘဲ နေရုံဖြင့် အသံတိတ်သပိတ်တွင် ပါဝင်နိုင်ကြောင်း တိုက်တွန်းထားသည်။

ထို့ပြင် အမေရိကန်၊ ကိုရီးယား၊ ထိုင်း၊ ဂျပန် ၊ UAE နှင့် Finland နိုင်ငံရောက် ပြည်သူများက လက်ရှိတော် လှန်ရေးကို အားပေးထောက်ခံထောက်ခံကြောင်း၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ပြု လုပ်မည့် အသံတိတ်သပိတ်တွင် မိဘပြည်သူများ ပူးပေါင်းပါဝင်ကြစေလိုကြောင်း ပြည်သူ့ သပိတ်အင်အားစုမှ တာဝန်ရှိသူတစ်ဦးက ပြည်သူများကို တိုက်တွန်းသည်။

ဓာတ်ပုံ- ကရင်ပြည်နယ်တွင် ၂၀၂၂ ခုနှစ် အသံတိတ်သပိတ်နေ့ မပါဝင်ရန် စစ်တပ်၊ ရဲနှင့် စစ်ကေင်စီတပ်ဖွဲ့ဝင်များ လိုက်လံ ခြိမ်းခြောက်ခဲ့စဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article