25 C
Yangon

ရေတာရှည်မြို့နယ်၊ ကဲလင်းဆိပ်ရွာအနီး တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီ တပ်သား ၉ ဦးသေဆုံး၊ အရာတော်မြို့နယ်၊ သစ်ကျင်းကြီးရွာရှိ ပျူစောထီးစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

ရန်ကုန်၊ ဇန်နဝါရီ ၃၁

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ကဲလင်းဆိပ်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားပြီး စစ် ကောင်စီတပ်သား ၉ ဦးသေဆုံးကာ ဒုတပ်ရင်းမှူးအပါအဝင် အများအပြားဒဏ်ရာရရှိခဲ့ကြောင်း ပုဝါနီစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇန်နဝါရီလ ၂၉ ရက် နံနက် ၈ နာရီခန့်က ရေတာရှည်မြို့နယ်၊ ကဲလင်းဆိပ်ကျေးရွာအတွင်းသို့ အ ကြမ်းဖက် စစ်ကောင်စီတပ်က အင်အား ၈၀ ခန့်ဖြင့် ဝင်ရောက်နေရာယူပြီး ပြည်သူပိုင် ပစ္စည်း များကို စိတ်ကြိုက်ခိုးယူကာ နေအိမ် ၁၀ လုံးကိုမီးရှို့ဖျက်ဆီးကြောင်း၊ ထို့နောက် သင့်နံသာကျေးရွာ ဘက်သို့ ထပ်မံစစ်ကြောင်း ထိုးလာခဲ့ကြောင်း သိရသည်။

ထို့သို့ စစ်ကြောင်းထိုးလာစဉ် ကဲလင်းဆိပ်ကျေးရွာ အနောက်ဘက်အရောက် နံနက် ၁၀ နာရီ ၄၆ မိ နစ် အချိန်တွင် တော်လှန်ရေးအင်အားစုဘက်မှ စနိုက်ပါ၊ ၄၀ မမ တို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၁ ဦးသေဆုံးပြီ ဒဏ်ရာရရှိသူ အချို့ရှိခဲ့ကြောင်း သိရသည်။

၎င်းစစ်ကြောင်းသည် နောက်ဆုတ်သွားခြင်းမရှိဘဲ ထပ်မံရှေ့တိုးလာခဲ့သဖြင့် နံနက် ၁၁ နာရီအချိန် တွင် အသင့်နေရာယူတပ်ဖြန့်ထားသော တော်လှန်ရေးအင်အားစုများနှင့် ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွားခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၂ နာရီခန့် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်သား ၈ ဦး သေ ဆုံးကာ ဒုတပ်ရင်းမှူးအပါအဝင် အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပြီးနောက် စစ် ကောာင်စီစစ်ကြောင်းမှာ ကဲလင်းဆိပ်ကျေးရွာဘက်သို့ ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ပုဝါနီစစ်ကြောင်းနှင့် နေပြည်တော် PDF နှင့် ကီကူစစ်ကြောင်း တို့ ပူးပေါင်း ကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး တော်လှန်ရေးအင်အားစုဘက်မှ အထိခိုက်မရှိအောင်မြင်စွာ တိုက်ခိုက် နိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ သစ်ကျင်းကြီးရွာရှိ ပျူစောထီးစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း BGS Drone Force မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီ ၂၉ နေ့ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်တွင် အရာတော်မြို့ အမတ ၃၆၉ တပ်ရင်းစခန်းမှ သစ်ကျင်းကြီးရွာရှိ ပျူစောထီးစခန်းကို အင်အားဖြည့်တင်းထားသည့် အကြမ်းဖက် စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးတပ်ဖွဲ့များ‌ နေထိုင်ရာ အဆောင်ကို တော်လှန်ရေး တပ်ဖွဲ့များက လက်လုပ် ၁၂၀ မမ ဗုံးသီး ၁ လုံး နှင့် အီနာဂါ ၃ လုံး ဒရုန်းဖြင့် ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက် သေဆုံးမှု အခြေအနေကို အတည်မပြုနိုင်သေးဘဲ စစ်ကောင်စီ တပ်သားများက လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်သော်လည်း တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေး သေစာရင်းကိုတော့ ကျွန်တော်တို့ အတည်မပြုနိုင်သေးဘူး။ စုံစမ်းနေပါတယ်” ဟု BGS Drone Force မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို BGS Ayadaw Drone Force နှင့် Ayadaw Rocket ဦးဆောင်၍ အရာတော်မြို့နယ်၊ တိုက်နယ် အမှတ် ၄ ရဲဘော်များ၊ မုံရွာခရိုင် တပ်ရင်း (၁၉) ရဲဘော်များက ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #BGSDroneForce #BGSAyadawDroneForce #AyadawRocket

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article