25 C
Yangon

မကွေးမြို့တွင် စည်ပင်က ဖေဖော်ဝါရီလ ၁ ရက်နေ့ ဆိုင်များ မပိတ်ရန်နှင့် အသံတိတ် သပိတ်တွင် မပါဝင်ရန် စျေးဆိုင်ပိုင်ရှင်များကို လက်မှတ်ထိုးခိုင်း

Must read

■ အသံတိတ်သပိတ် ရှိမှန်း စည်ပင်က လက်မှတ်ထိုးခိုင်းမှ စျေးဆိုင်ပိုင်ရှင်အားလုံး သိရှိပြီး အပြင်မထွက်ရန် ဆုံးဖြတ်ကြ

ရန်ကုန်၊ ဇန်နဝါရီ ၃၁

မကွေးမြို့တွင် စည်ပင်သာယာရေးအဖွဲ့က ဖေဖော်ဝါရီ ၁ ရက်နေ့တွင် စျေးဆိုင်များ မပိတ်ရန်နှင့် အသံတိတ် သပိတ် တွင် မပါဝင် စျေးဆိုင်ပိုင်ရှင်များကို လိုက်လံ လက်မှတ်ထိုးခိုင်းနေကြောင်း သိရှိရသည်။

ယနေ့ ဇန်နဝါရီလ ၃၁ ရက်နေ့ နံနက်ပိုင်းမှစတင်ပြီး ယခု သတင်းရေးသားအချိန်အထိ မကွေးမြို့ စည်ပင်သာယာရေးအဖွဲ့က အသံတိတ်သပိတ်တွင် မပါဝင်ရန် စျေးဆိုင်တိုင်းကို လိုက်လံ ပြောဆို လက်မှတ်ရေးထိုးခိုင်းနေခြင်းဖြစ်ကြောင်း သိရှိရသည်။

“မနက်ဖြန် Silent Strike ရှိမှန်း စျေးဆိုင်တွေက မသိဘူး။ မကွေးစည်ပင်က ဆိုင်တွေ မဖွင့်မနေရဖွင့်ရမယ်ဆိုပြီး လက်မှတ်ထိုးခိုင်းမှ အသံတိတ်သပိတ်ရှိမှန်းသိကြတာ။ စည်ပင်က လမ်းဘေးဝဲယာက ဆိုင်တွေကို မနက်ဖြန် မ‌ဖွင့်မနေရ လက်မှတ်လိုက်ထိုးခိုင်းတယ်။ စျေးဆိုင်တော်တော်များများက မနက်ဖြန်ဘာနေ့မှန်းမသိကြတာကို စည်ပင်က မဖွင့်မ‌နေရ လက်မှတ်လိုက်ထိုးခိုင်းမှ အသံတိတ် သပိတ်ရှိမှန်းသိကြတာ။ ဆိုင်တော့ဖွင့်ကြမယ်။ အပြင်မထွက်ကြမှာကတော့ သေချာပါတယ်” ဟု မကွေးမြို့မှ ကုန်စုံဆိုင်ပိုင်ရှင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဒေါက်တာတေဇာစန်းအပါအဝင် တော်လှန်ရေး သပိတ်ခေါင်းဆောင်များက ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် နွေဦးတော်လှန်ရေး ၃ နှစ်ပြည့်အဖြစ် အသံတိတ်သပိတ် ပြုလုပ်မည်ဖြစ်ပြီး ယင်းသပိတ်တွင် ပြည်သူလူထု ပါဝင်နိုင်ရန်အတွက် ရုံးနှင့် ဆိုင်များ ပိတ်ရင်မလိုအပ်ကြောင်း၊ ပုံမှန်အတိုင်း ရုံးတက်၊ ဆိုင်ဖွင့်ပြီး မနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ လုံး၀ အပြင်မထွက်ဘဲ နေရုံဖြင့် အသံတိတ်သပိတ်တွင် ပါဝင်နိုင်ကြောင်း တိုက်တွန်းထားသည်။

ဓာတ်ပုံ- မကွေးမြို့မစျေးတွင် ယမန်နှစ် ၂၀၂၃ ခုနှစ်အတွင်း မကွေးစည်ပင်အဖွဲ့က လိုက်လံစစ်ဆေးမှုများ လုပ် ဆောင်နေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article