25 C
Yangon

ဗြိတိန်က စစ်ကောင်စီလက်အောက်ခံ တပ်မ ၇၇ ၊ တမခ ၁၀၁ ၊ အမှတ် ၁ နှင့် အမှတ် ၂ သတ္တုတွင်း လုပ်ငန်းများကို ပိတ်ဆို့အရေးယူ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂

ဗြိတိန်အစိုးရက အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ တပ်မ ၇၇ ၊ အမှတ် ၁၀၁ ခြေမြန်တပ်မဌာနချုပ်(တမခ ၁၀၁) ၊ အမှတ် ၁ နှင့် အမှတ် ၂ သတ္တုတွင်း လုပ်ငန်းများကို ပိတ်ဆို့အရေးယူလိုက်ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းမှု သုံးနှစ်ပြည့်မြောက်သည့် ယမန်နေ့တွင် ဗြိတိန်အစိုးရက ထိုသို့ အရေးယူလိုက်ခြင်းဖြစ်ကြောင်း၊ စီးပွားရေးပိတ်ဆို့ အရေးယူခံရသော အမှတ် ၁ သတ္တုတွင်းလုပ်ငန်း (ME 1) နှင့် အမှတ် ၂ သတ္တု တွင်းလုပ်ငန်း(ME 2 ) တို့သည် မြန်မာစစ်တပ်၏ လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စီးပွားရေးအရင်းအမြစ်များထောက်ပံ့ပေးခြင်း နှင့် ၄င်းတို့နှင့် ပတ်သက်ဆက်နွယ်နေခြင်းဖြင့် မြန်မာပြည်သူပြည်သားများကို ဖိနှိပ်ရာတွင် ပါဝင်နေခြင်းကြောင့် ပိတ်ဆို့ အရေးယူခြင်းဖြစ်ကြောင်း သိရှိရသည်။

အလားတူ အမှတ် (၇၇) ခြေမြန်တပ်မဌာနချုပ် (တမခ ၇၇) နှင့် အမှတ် ၁၀၁ ခြေမြန်တပ်မဌာနချုပ် (တမခ ၁၀၁) တို့သည် မြန်မာနိုင်ငံတွင် ဆိုးရွားသည့် လူအခွင့်အရေး ချိုးဖောက်မှုများအား ကျူးလွန်ရာတွင် ပါဝင်ခြင်း၊ ဥပမာ – ပဲခူးတိုင်းတွင် ဖြစ်ပွားခဲ့သည့် ဆန္ဒပြပွဲများတွင် ဆန္ဒပြပြည်သူများကို သေစေနိုင်လောက်သည့်အင်အားများ အလွန်အကျူးသုံး၍ ဖြိုခွင်းမှုများပြုလုပ်ခြင်း၊ သတ်ဖြတ်ခြင်း၊ အင်တာနက်လိုင်း ဖြတ်တောက်ခြင်းတို့ကို ပြုလုပ်ခဲ့ကြကြောင်း၊ ထိုသို့ကျူးလွန်ရာတွင် ပြည်သူများကို မတရားဖမ်းဆီးခြင်း၊ ဥပဒေမဲ့ ထိန်းသိမ်းခြင်း သို့မဟုတ် လက်စဖျောက်ဖမ်းဆီးခြင်း၊ အကျဥ်းချခြင်း၊ သတ်ဖြတ်ခြင်း၊ ပြည်သူများ၏ နိုင်ငံရေးအမြင်ကွဲပြားမှု၊ ဘာသာရေးဆိုင်ရာယုံကြည်ကိုးကွယ်မှုကွဲပြားမှု သို့မဟုတ် တိုင်းရင်းသားလူမျိုးကွဲပြားမှုအပေါ် အခြေခံပြီး ညှင်းပန်းနှိပ်စက်ခြင်း သို့မဟုတ် ရက်စက်စွာပြုမူဆက်ဆံခြင်း၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ နှင့် ကျားမအခြေပြုအကြမ်းဖက်မှုကျူးလွန်ခြင်းများပါဝင်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article