25 C
Yangon

မြန်မာစစ်အာဏာရှင် ပျက်သုန်းရေး ၊ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ ဖက်ဒရယ် ပြည် ထောင်စု တည်ဆောက်ရေး ဂျပန်လွှတ်တော်တွင် ကြားနာပွဲပြုလုပ်၊ NUG ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂

မြန်မာစစ်အာဏာရှင် ပျက်သုန်းရေး ၊ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး ဂျပန်လွှတ်တော်တွင် ကြားနာပွဲတစ်ရပ် ပြုလုပ်ခဲ့ပြီး NUG ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့၊ ကြာသပတေးနေ့တွင် မြန်မာ့ဒီမိုကရေစီစနစ်ဖြင့် ငြိမ်းချမ်းရေးကို ပြန်လည်တည်ဆောက်ရန်၊ စစ်မှန်သောဖက်ဒရယ်ပြည်ထောင် စုထူထောင်ရန်ရည်ရွယ်၍ ဂျပန်လွှတ်တော်အတွင်းကြားနာပွဲပြုလုပ်ခဲ့ကြောင်း၊ ထိုပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုရာစီမံခန့်ခွဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကိုယ်တိုင်တက်ရောက်ခဲ့ပြီး လက်ရှိမြန်မာ့နိုင်ငံအရေးများ၊ စစ်အာဏာသိမ်းမှု​ကြောင့် ပြည်သူများဘေးဒုက္ခရောက်နေကြသည့် ပကတိအခြေအနေများအားတင်ပြပြောကြားသည်။

အဆိုပါ ကြားနာပွဲသို့ ဂျပန်နိုင်ငံမှ ပါတီအစုံပါဝင်သည့် မြန်မာဒီမိုကရေစီရေးကိုထောက်ခံအားပေးသည့် လွှတ်တော်အမတ်များသမဂ္ဂ၊ အခြားလွှတ်တော်အမတ်များ၊ နိုင်ငံတကာသံရုံးမှတာဝန်ရှိသူများ၊ မြန်မာ့အရေးကူညီအားပေးသောဂျပန်လူမျိုးများတက်ရောက်ခဲ့ကြပြီး စစ်အာဏာရှင်ပျက်သုဉ်းသည်အထိ အတူတကွပူးပေါင်းဆောင်ရွက်သွားကရန် ဆွေးနွေးကြကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article