25 C
Yangon

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၏ အထူးစစ်ဆင်ရေးသင်တန်း အပတ်စဥ် (၅) အောင်မြင်စွာပြီးဆုံး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂

အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာန ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ တောင်ပိုင်းစစ်ဒေ၏ အထူးစစ်ဆင်ရေးသင်တန်း အပတ်စဥ် (၅) သင်တန်းကို KNU တပ်မဟာ ၆ နယ်မြေအတွင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ – S.O.F က ဦးဆောင်သင်ကြားပေးခဲ့ပြီး အောင်မြင်စွာပြီးဆုံးခဲ့ကြောင်း သိရှိရသည်။

သင်တန်းဆင်းပွဲတွင် အလံတော်ကို အလေးပြုခြင်းနှင့် သစ္စာဓိဌာန်ရွတ်ဆိုခြင်း၊ တောင်ပိုင်းစစ်ဒေသ ဒုစစ်ဒေသမှုး – ၂ ရဲဘော်စောရှားမှ အမှာစကားပြောကြားခြင်း၊ အထူးတပ်ဖွဲ့၏ တပ်ဖွဲ့မှုး အောင်စံရှားမှ သင်တန်းဆင်းမိန့်ခွန်းပြောကြားခြင်း၊ သစ္စာဓိဌာန်ပြုသစ္စာရည်သောက်ခြင်းနှင့် စစ်ရေးပြလှည့်လည်၍ အလေးပြုခြင်းများဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

ထို့ပြင် အပတ်စဥ် (၆) အထူးစစ်ဆင်ရေးသင်တန်းအတွက် သင်တန်းသားများကိုလည်း စတင်လက်ခံပြီဖြစ်ကြောင်း အသိပေးချက်ထုတ်ပြန်ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article