25 C
Yangon

ဘုတလင်၊ ကွမ်းခြံကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က ပစ်ခတ်ဝင်ရောက်ပြီး နေအိမ်များကို မီးရှိ၊ ပြည်သူတစ်ဦး ကျည်ထိမှန်ဒဏ်ရာရ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂

စစ်ကိုင်းတိုင်း၊ ဘုတလင်မြိုနယ်၊ ကွမ်းခြံကျေးရွာကို စစ်တပ်က ပစ်ခတ်ဝင်ရောက်ပြီး နေအိမ်များကို မီးရှိနေကာ ပြည်သူတစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို ပြောဆိုကြသည်။

ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နံနက် ၄ နာရီအချိန် မုံရွာမြိုနယ်၊ နမခ ခေါ် အနောက် မြောက်တိုင်းစစ်ဌာနချုပ်မှထွက်လားသော အင်အား ၇၀ ခန့်ပါ စစ်ကြောင်းက ဘုတလင်မြိုနယ် ကွမ်းခြံရွာကိုမီးရှိနေကြောင်း၊ ကျေးရွာအတွင်းသို မဝင်ရောက်ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း၊ ပစ်ခတ်မှုကြောင့် စစ်ဘေးရှောင် ပြည်သူတစ်ဦး လက်တွင် ထိခိုဒဏ်ရာရရှိကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်တပ်က ဘုတလင်မြိုနယ်၊ ကွမ်းခြံကျေးရွာကို တိုက်ပွဲတစ်စုံတစ်ရာ ဖြစ်ပွားခြင်းမရှိဘဲ ဝင်ရောက်လာခြင်းဖြစ်ကြောင်း၊ အိမ်ခြေ ၂၅၀ ခန့်ရှိသော ကျေးရွာကို မီးရှိဖျက်ဆီးရာ နေအိမ် ၄၀ ခန့် မီးလောင်ပြာကျသွားကြောင်း သိရှိရသည်။

“စက်လှေနဲ့မြစ်အနောက်ဘက်ကမ်းသိုပြေးထွက်တဲ့ စစ်ဘေးရှောင် ပြည်သူများထဲမှ တစ်ဦးရဲ့ လက်မှာ မစိုးရိမ်ရ ဒဏ်ရာရတယ်။ စစ်ဘေးရှောင် ပြည်သူ ၇၀၀ လောက်ရှိတယ်။ အခု အအနီးအနားကျေးရွာတွေက ကျွေးမွေးထားရတယ်” ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article