ဒီကနေ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့ ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- မြောက်ဦးမြို့ကို ရခိုင့်တပ်တော် AA က သိမ်းပိုက်ပြီးတဲ့နောက် စစ်ကောင်စီရဲ့ ခမရ ၃၇၇ နဲ့ ခမရ ၃၇၈ တပ်ရင်းတွေကနေ သိမ်းဆည်းရရှိထားတဲ့ လက်နက်ခဲယမ်း တောင်ပုံ ယာပုံ ဓာတ်ပုံတွေကို AA က တရားဝင် ထုတ်ပြန်လိုက်ပါတယ်။
- ရခိုင်ပြည်နယ် ကျောက်တော်မြို့ နဲ့ ရန်ကုန်- စစ်တွေ ကားလမ်းမပေါ်က ကစ္ဆပနဒီတံတားကို အကြမ်းဖက် စစ်ကောင်စီက ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာပဲ ဂျက်တိုက်လေယာဉ် တစ်စီးနဲ့ လာရောက် ဗုံးကျဲ ဖျက်ဆီး သွားတယ်လို့ ကျောက်တော် ဒေသခံတွေက ပြောပါတယ်။
- အကြမ်းဖက်စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေ ကို အသက်သွင်းပြီးတဲ့နောက် လူငယ်လူရွယ်တွေကို စစ်တပ်ထဲ ခေါ်သွင်းဖို့ ပြင်နေတဲ့အချိန် စစ်အာဏာရှင် တော်လှန်ရေး တပ်ဖွဲ့တွေကလည်း တော်လှန်ရေးရဲဘော်သစ်တွေကို အပြိုင်အဆိုင် ခေါ်ယူနေတယ်လို့ သိရပါတယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
