26 C
Yangon

ရန်ကုန်တိုင်း၊ မြို့နယ်များတွင် ကျား၊မ လူဦးရေစာရင်းနှင့် အသက်အရွယ် အလိုက်စာရင်းများ လိုက်လံကောက်ခံနေပြီး စစ်မှုထမ်းရန် စာရင်းကောက်မှု ဖြစ်မည်ကို ပြည်သူများစိုးရိမ်နေ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များတွင် ကျား၊ မလူဦးရေစာရင်းနှင့် အသက်အရွယ်အလိုက် စာရင်းအလိုက် စာရင်းများကို ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ လိုက်လံကောက်ခံနေကြောင်း ရန်ကုန်မြို့မှ ပြည်သူတချို့က ပြောဆိုကြသည်။

မရမ်းကုန်းမြို့နယ်၊ အမှတ် ၁ ရပ်ကွက်၊ အမှတ် ၂ ရပ်ကွက်တို့တွင် ကျား၊ မ လူဦးရေစာရင်း၊ အသက်အရွယ်အလိုက် စာရင်းများကို ရာအိမ်မှူး၊ ဆယ်အိမ်မှူးတို့က လိုက်လံ ကောက်ခံမှုများရှိနေကြောင်း၊ အလားတူ ရွှေပြည်သာ၊ တာမွေ၊ အင်းစိန်နှင့် လှိုင်သာယာ အရှေ့ပိုင်းနှင့်အနောက်ပိုင်းတို့အတွင်းရှိ ရပ်ကွက်တချို့တွင်လည်း ကျား၊မစာရင်းနှင့် အသက်အရွယ်စာရင်းများကို တောင်းခံနေကြောင်း သိရှိရသည်။

“မဲစာရင်းလား၊ သန်းခေါင်စာရင်းအတွက်လား စစ်မှုထမ်းဖို့လား မသိဘူး။ အိမ်မှာ ဘယ်သူတွေနေလဲ၊ အသက်အရွယ်အလိုက် စာရင်းတွေ လာတောင်းတယ်။ ဘာအတွက်လဲမေးတော့ သူတို့လည်း မသိဘူး။ အထက်က ကောက်ခိုင်းလို့ ကောက်တာလို့ ပြောတယ်” ဟု မရမ်းကုန်းမြို့နယ်အတွင်းမှ ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ထို့အတူ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်အတွင်းရှိ ရပ်ကွက်တချို့တွင်လည်း သန်းခေါင်စာရင်း မိတ္တူများ ရာအိမ်မှူးနှင့်ဆယ်အိမ်မှူးများထံ လာရောက်ပေးအပ်ကြရန် ဆင့်ခေါ် တောင်းယူမှုများရှိနေကြောင်း၊ ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းကြောင်း ကြေညာထားဖြင့် စစ်သားရွေးချယ်စုဆောင်းရန် ဖြစ်မည်ကို ပြည်သူများက စိုးရိမ်နေကြကြောင်း သိရှိရသည်။

ဓာတ်ပုံ – ရန်ကုန်တိုင်းစစ်ကောင်စီက ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်တွင် စမ်းသပ် လူဦးရေးနှင့်သန်းခေါင်စာရင်း ယမန်နှစ်အတွင်း ကောက်ယူခဲ့စဉ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ရန်ကုန်တိုင်းစစ်ကောင်စီက ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်တွင် စမ်းသပ် လူဦးရေးနှင့်သန်းခေါင်စာရင်း ယမန်နှစ်အတွင်း ကောက်ယူခဲ့စဉ်။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article