26 C
Yangon

နေပြည်တော်နှင့် စစ်ရေးအရ အရေးပါသည့်နေရာများကို KNU ကထိုးဖောက်မည်ဟု ဗဟိုအလုပ်အမှုဆောင် ပဒိုစောတောနီးပြောဆို

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂

ကရင်အမျိုးသားအစည်းအရုံး KNU အနေဖြင့် နယ်မြေစိုးမိုးမှုအပိုင်းတွင် အကြီးအကျယ် အောင်မြင်မှုများ ရရှိနေပြီး နေပြည်တော်၊ စစ်ရေးအရ အရေးပါသည့်နေရာများကို ထိုးဖောက်သွားမည်ဖြစ် ကြောင်း KNU ဗဟိုအလုပ်အမှုဆောင် ပဒိုစောတောနီးက ပြောဆိုသည်။

KNU က တရားဝင်ထုတ်ပြန်သည့် နယ်မြေစိုးမိုးရေးဆိုင်ရာ တွေ့ဆုံမေးမြန်းခန်းတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

KNU တပ်မဟာ ၁ ၊ တပ်မဟာ ၃ နှင့် တပ်မဟာ ၆ နယ်မြေများသို့ ၎င်းအနေဖြင့် ကွင်းဆင်းကြည့်ရာတွင် မြို့ဧရိယာမှလွဲ၍ ကျေးလက်နယ်မြေနှင့် လမ်းများအားလုံးကို KNU နှင့် တော်လှန်ရေးတပ်များက ထိန်းချုပ်ထားကြောင်း၊ တပ်မဟာ ၆ နယ်မြေတွင် အာရှလမ်းမကြီးတစ်ခုလုံးကို KNU က ထိန်းချုပ်ထားကြောင်း၊ လက်ရှိ နယ်မြေစိုးမိုးမှုသည် အလွန်ကြီးမားသော နယ်မြေစိုးမိုးမှုများရရှိနေခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီတပ်များမှာ တပ်ဝင်းဧရိယာထဲမှ လွဲ၍ အပြင်သို့ မထွက်နိုင်ကြတော့ကြောင်း ၎င်းက ပြောဆိုသည်။

“ဒီနေ့ ဒီအချိန်မှာ ဘယ်လောက်အထိ နယ်မြေစိုးမိုးမှု ဘယ်လောက်ဖြစ်လာသလဲဆို ပေ ၁၀၀ ကတ္တရာလမ်းမကြီးပေါ်မှာ ကိုယ့်ကားတွေ ကိုယ့်တပ်သားတွေနဲ့ သွားလာနိုင်တဲ့ အနေအထားမျိုးမှာ အဲဒီ ဘားအံမြို့နယ်ဆိုတာ ပြောရမယ်ဆိုရင်ပေါ့ဗျာ။ အာရှလမ်းမကြီး အထိကို ကျွန်တော်တို့ ရောက်တယ်။ သွားချင်သလို သွားနေတဲ့ အနေအထားမှာ အထူးသဖြင့် အာဏာသိမ်းစစ်တပ်က ဘယ်လောက်အထိ အပြင်လုံးဝမထွက်ရဲဘဲနဲ့ တပ်စခန်းထဲမှာပဲ ခံစစ်အနေအထားပဲ။ လုံးဝအပြင်ထွက်လို့မရတဲ့ အနေအထားနဲ့ သွားလာနေထိုင်နေတဲ့ အနေအထား။ စစ်တပ်က ခံစစ်၊ ခွာစစ်၊ ပြေးစစ်ပါ ဖြစ်နေပြီ” ဟု ပဒိုစောတောနီးက ရှင်းပြသည်။

KNU အနေဖြင့် နယ်မြေစိုးမိုးရရှိနေပြီး မြို့များကို သိမ်းပိုက်ရေးထက် နေပြည်တော်ကို မည်သို့ ထိုးဖောက်မည်ကို စဉ်းစားရမည်ဖြစ်ကြောင်း ပဒိုစောတောနီးက ဆိုသည်။

“နေပြည်တော်ကို ဘယ်လိုလုပ်မလဲဆိုတာ ကျနော်တို့စဉ်းစားရမှာပဲ။ နောက်တစ်ချက်ကတော့ ဒီရှေ့တန်းစစ်မြေပြင်တွေမှာ အထူးသဖြင့် စစ်အာဏာရှင်တွေရဲ့ အသည်းနှလုံးဖြစ်တဲ့ နေပြည်တော်နဲ့ နီးတဲ့ နေရာတစ်ခုမှာတော့ ရောက်ဖို့ လိုအပ်တယ်ဆိုတဲ့ ခံယူချက်။ စစ်ရေးအရ လိုအပ်တာတော့ ကျွန်တော်တို့ တပ်မှူး တပ်ဗိုလ်တွေက ဒါ စဉ်းစားမှာပဲ အထိခိုက်နည်းတဲ့ အလုပ်ကို ကိုယ်ကိုယ်တိုင် လုပ်မယ်။ သူ့ရဲ့ အသည်းနှလုံးရှိတဲ့ နေရာ အရှိုက်ရှိတဲ့ နေရာ သူ့ရဲ့ အညှာရှိတဲ့နေရာကို ကျွန်တော်တို့ ဖောက်မှာပဲ ။ ဒါကပဲ အခုလက်ရှိ ကျွန်တော်တို့ဆီ ရောက်လာတဲ့ လူငယ် လူရွယ်တွေ ကောင်းကောင်းသိတယ်။ ဘယ်နေရာကို ကိုင်ရမလဲဆိုတာ ကောင်းကောင်းသိတယ်။ လုပ်ရမယ့် အလုပ်ကိုပဲ သေသေသပ်သပ်လုပ်သွားမှာပဲ ကြွားစရာလည်း မလိုဘူး။ ဒီအပိုင်းမှာ” ဟု ပဒိုစောတောနီးက ပြောဆိုသွားသည်။

KNU သည်လက်ရှိတွင် NUG အပါအဝင် စစ်အာဏာရှင်ကို တော်လှန်နေသော တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့်အတူ နွေဦးတော်လှန် ရေး တွင် ရှေ့တန်းမှ ဦးဆောင်ပါဝင်လျက်ရှိကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article