25 C
Yangon

ဆေးရုံ၊ ဆေးပေးခန်းများ ၊ ကျန်းမာရေးကဏ္ဍနှင့် ပြည်သူများ အပေါ် စစ်တပ်က အကြမ်းဖက်တိုက်ခိုက်နေမှု နိုင်ငံတကာက ထိရောက်လျှင်မြန်စွာ တားဆီးပေးရန် NUG ပန်ကြား

Must read

ကျန်းမာရေးကဏ္ဍကို တိုက်ခိုက်ရာတွင် စစ်ကောင်စီနှင့် ပူးပေါင်းပါဝင်သူများကို ပြင်းထန်စွာ အရေးယူမည်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈

အကြမ်းဖက်စစ်ကောင်စီနှင့် လက်တွဲ၍ ကျန်းမာရေးကဏ္ဍအပေါ် အကြမ်းဖက်လုပ်ရပ် ကျူးလွန်သူ အားလုံးကို ပြည်သူ့တရားဥပဒေနှင့်အညီ ပြင်းထန်ထိရောက်စွာ အရေးယူသွားမည်ဖြစ်ပြီး တရားမျှ တမှု ပြန်လည်ရရှိအောင် ဆောင်ကျဉ်းသွားမည်ဖြစ်ကြောင်း NUG အစိုးရ၊ ဝန်ကြီးချုပ်ရုံးပြောရေးဆို ခွင့်ရှိသူ ဦးနေဘုန်းလတ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို ပြောကြားသည်။

“ကျနော်တိုအနေနဲ့ကတော့ ၂ မျိုးပေါ့ဗျာ၊ နံပါတ် ၁ ပြည်တွင်း ဥပဒေပေါ့ဗျာ၊ လက်ရှိမှာ ကျနော်တို စိုးမိုးထိန်းချုပ်မြေတွေမှာ ဖမ်းမိခဲ့တာမျိုး၊ ပြီးတော့ ရှာဖွေဖမ်းမိတာမျိုးတွေရှိမယ်၊ ပြီးရင်နောက်တစ် ခုက နိုင်ငံတကာဥပဒေ ယန္တရား တွေနဲ့လုပ်မှာပေါ့နော်၊ အဓိကတော့ နှစ်ပိုင်းပေါ်၊ နိုင်ငံတကာကို စောင့်နေတာမျိုးမဟုတ်ပဲနဲ့ ကိုယ်လည်းစိုးမိုးထိန်းချုပ်နယ်မြေတွေရှိနေပြီပဲ၊ လက်ရှိဒီကိစ္စနဲ့ပတ် သပ်ပြီး ကျူးလွန်ထားတဲ့သူတွေကို ကျနော်တို စုံစမ်းဖော်ထုတ်ဖမ်းဆီးတာမျိုးလည်းရှိလာနိုင်တယ်” ဟု NUG အစိုးရ၊ ဝန်ကြီးချုပ်ရုံးပြောရေးဆို ခွင့်ရှိသူ ဦးနေဘုန်းလတ်က ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို ပြောကြားသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ ယနေ့အထိ မြန်မာနိုင်ငံတွင် ကျန်းမာရေးကဏ္ဍအပေါ် အကြမ်းဖက် စစ်ကောင်စီ၏ အကြမ်းဖက်တိုက်ခိုက်မှုပေါင်း ၁,၂၀၀ ကျော်အထိ ရှိခဲ့ပြီး ဆေးရုံ ၊ ဆေးခန်း ပျက်စီးမှု ၃၀၈ ခု၊ ကျန်းမာရေးလုပ်သားများ သတ်ဖြတ်ခံရမှု ၁၀၄ ဦး၊ ကျန်းမာရေး လုပ်သားများ ထိခိုက်ဒဏ် ရာ ရရှိမှု ၁၃၆ ဦး ရှိကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၂၇ ရက် နံနက်အစောပိုင်း ၁ နာရီ ၄၅ မိနစ်ခန့်က ရက္ခိုင်ပြည်၊ မင်းပြားမြိုနယ်ရှိ မင်းဖူးဆေးရုံကို အကြမ်းဖက် စစ်ကောင်စီက ဂျက်တိုက်လေယာဉ်တစ်စီးဖြင့် တမင်တကာ ရည်ရွယ် ချက်ရှိရှိ ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင့် ဆေးရုံ၏ အဆောက်အအုံအများစု ထိခိုက်ပျက်စီးခဲ့ရသည့်အပြင် ဆေးဝါးကုသမှုခံယူနေကြသည့် အပြစ်မဲ့အရပ်သားပြည်သူများ၊ ဆေးရုံ ဝန်ထမ်းများ၊ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရမှုများရှိခဲ့ကြောင်း သိရသည်။

အဆိုပါဆေးရုံသည် စစ်ကောင်စီတပ်ဖွဲဝင် သုံပန်းများ၊ သုံပန်းမိသားစုဝင်များကို ဆေးကုသပေးနေ သော အရပ်ဘက် ဆေးရုံတစ်ခုဖြစ်ကြောင်း သိရသည်။

ထိုပြင် ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ရက္ခိုင်ပြည်၊ ရမ်းဗြဲမြိုကို အကြမ်းဖက်စစ်ကောင်စီက တိုက် လေယာဉ်ဖြင့် ဖျက်အားပြင်းဗုံးများ ကျဲချတိုက်ခိုက်ခဲ့ရာ မြိုမဆေးရုံ တစ်ခုလုံး၊ မြိုမစျေး၊ သီလရှင် ကျောင်းနှင့် လူနေအဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

အလားတူ ဖေဖော်ဝါရီလ ၉ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြိုရှိ ပြည်သူ့ဆေးရုံကို အကြမ်းဖက် စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံး ၄ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ ဆေးရုံတစ်ခုလုံး ကြီးမားစွာ ထိခိုက်ပျက်စီးခဲ့ပြီး လူနာများနှင့် ကျန်းမာရေးဝန်ထမ်းများ အချိန်မီတိမ်းရှောင်နိုင်ခဲ့ သဖြင့် ထိခိုက်မှု မရှိခဲ့ကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီက ဂျီနီဗာကွန်ဗန်းရှင်း (Geneva Conventions) ၊ ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်များ၊ လူသာချင်းစာနာထောက်ထားရေးဆိုင်ရာ နိုင်ငံတကာ ဥပဒေ များနှင့် ပြည်တွင်း၊ ပြည်ပဥပဒေများကို မျက်ကွယ်ပြု၍ ကျန်းမာရေးကဏ္ဍနှင့် အပြစ်မဲ့ ပြည်သူများ အပေါ် တမင်ရည်ရွယ်ပစ်မှတ်ထားသည့် အကြမ်းဖက်တိုက်ခိုက်မှုများကို အကြိမ်ကြိမ် ရက်စက်စွာ ကျူးလွန်လျက်ရှိကြောင်း NUG က ထောက်ပြသည်။

နိုင်ငံတကာ အနေဖြင့်လည်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ မြန်မာနိုင်ငံ၌ ကျန်းမာ ရေး ကဏ္ဍနှင့် အပြစ်မဲ့ပြည်သူများအပေါ် အကြမ်းဖက်စစ်ကောင်စီ၏ အဆက်မပြတ် အကြမ်းဖက် တိုက်ခိုက်မှုများကို လစ်လျူရှုမထားဘဲ ဖြစ်နိုင်သမျှ နည်းလမ်းများအသုံးပြု၍ အကြမ်းဖက် စစ် ကောင်စီကို မြန်ဆန်ထိရောက်စွာ တားဆီးအရေးယူပြီး ထိခိုက်ခံစားနေရသည့် မြန်မာပြည်သူတို ဘက်၌ စာနာရပ်တည်ပေးရန် အထူးလိုအပ်နေရှိကြောင်း NUG ကျန်းမာရေးဝန်ကြီးဌာနက ပြောဆို သည်။

NUG ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် အခက်အခဲနှင့် စိန်ခေါ်မှုများ ရှိနေသည့်တိုင် ပြည်သူ့ကျန်း မာရေး စောင့်ရှောက်မှုလုပ်ငန်းများကို သူရဲကောင်းကျန်းမာရေးဝန်ထမ်းများ၊ တိုင်းရင်းသားအဖွဲ အစည်းများ၊ ဒေသခံ အဖွဲအစည်းများ၊ ပြည်သူများနှင့် လက်တွဲ၍ အစွမ်းကုန် ဆက်လက် ကြိုးပမ်း ဆောင်ရွက် သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်း၍ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုကြီး ပေါ် ထွန်းသည်အထိ တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးနှင့်လက်တွဲ၍ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article