25 C
Yangon

မိုးမိတ်တွင် စစ်တပ်က ပြည်သူ ၂၇ ဦးကို သတ်ဖြတ်ခဲ့ပြီး တပ်မ ၉၉ မှ စစ်သားများက အမျိုးသမီးတချိုကို မသတ်ဖြတ်မီ အုပ်စုလိုက် မုဒိမ်းကျင့်ခဲ့ ၊ ဆယ်ကျော်သက် လူငယ် ၂ ဦးမှာလည်း ဦးခေါင်းဖြတ်အသတ်ခံခဲ့ရ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြိုနယ်တိုက်ပွဲများတွင် စစ်ကောင်စီ၏ တပ်မ ၉၉ တပ်က ပြည်သူ ၂၇ ဦးကို သတ်ဖြတ်မှုများကျူးလွန်ခဲ့ပြီး အမျိုးသမီးတချိုကို မသတ်ဖြတ်မီ အုပ်စုလိုက် မုဒိမ်းကျင့်ခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲမှ ယိင်းလျန်းဟန်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို ပြောဆိုသည်။

ရှမ်းပြည်မြောက်ပိုင်း မိုးမိတ်မြိုနယ်အတွင်း အကြမ်းဖက်စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှု၊ နှိပ်စက်မှုများကြောင့် မိုးမိတ်မြိုနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများရှိ ပြည်သူ ၂၇ ဦး သေဆုံးကာ ၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ၊ အကြမ်းဖက်စစ်တပ်၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည့် ဒေသပြည်သူများထဲမှ ၁၇ ဦးသည် ဇန်နဝါရီလ ၂ ရက်နေ့တွင် မန္တလေးမြိုမှ မိုးမိတ်မြိုသို စစ်ကားများဖြင့် ရောက်လာသော အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ ၉၉ တပ်သားများ၏ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရခြင်း ဖြစ်ကြောင်း သိရှိရသည်။

တပ်မ ၉၉ တပ်သားများက ပြည်သူများကို ၎င်းတို၏ နေအိမ်များတွင် လည်းကောင်း၊ တောထဲတွင် လည်း ကောင်းပစ်သတ်ခဲ့ပြီး အချိုရုပ်အလောင်းများသည် မီးရှိခြင်းခံထား ရကာ ဆယ်ကျော်သက်အရွယ် လူငယ် ၂ ဦးမှာ ဦးခေါင်းဖြတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း ၊ ထိုပြင် မိုးမိတ်မြိုတွင်းနှင့် အနီးအနားတွင် တပ်မ ၉၉ တပ်သားများက အုပ်စုဖွဲ အမျိုးသမီးတချိုကို အဓမ္မ ပြုကျင့်မှုကျူးလွန်ခဲ့ကြကြောင်း၊ အမျိုးသမီးတစ်ဦးသည် ပစ်သတ်ခြင်းမခံရမီ အုပ်စုဖွဲ အဓမ္မပြုကျင့်မှု ခံခဲ့ရကြောင်း၊ တပ်မ ၉၉ တပ်သားများသည် လုယက်ဖောက်ထွင်းခိုးယူမှုများနှင့် မီးရှိဖျက်ဆီးမှုများလည်း ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

“တပ်မ ၉၉ က ခုထိ တပ်စွဲနေတုန်းပဲ။ အခုကပစ်တာခတ်တာထက် အိမ်ပြန်လာတဲ့စစ်ရှောင်လူထုကို ဖမ်းပြီးငွေညစ်တာ ပစ္စည်းခိုးတာတွေလုပ်နေတာ “ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်၏ တာဝန်ရှိသူမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို ပြောကြားသည်။

တော်လှန်ရေးတပ်များက မိုးမိတ်မြိုကိုသိမ်းပိုက်ရန် ကြိုးပမ်းသည့်နောက်ပိုင်း ဇန်နဝါရီလ ၂ ရက်နေ့တွင် တပ်မ ၉၉ တပ်များက မန္တလေးမြိုမှ မိုးမိတ်မြိုသို စစ်ကားများဖြင့် ရောက်ရှိလာကာ ပြည်သူများကို သတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ထိုပြင် ဇန်နဝါရီလ ၁ရက်မှ ဖေဖော်ဝါရီလ ၂ရက်နေ့အထိ အကြမ်းဖက်စစ်တပ်၏ တိုက်ခိုက်မှုအမျိုးမျိုးကြောင့် ဒေသပြည်သူ ၆၀၀၀ ကျော် နေရပ်စွန့်ခွာထွက်ပြေးနေရကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်၏ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

နေရပ်စွန့်ခွာထွက်ပြေးသော ဒေသပြည်သူ ၆၀၀၀ ကျော်အနက် ၄၀၀၀ ကျော်သည် မိုးမိတ်မြိုစွန်မြိုဖျားရှိ ရွာများ၊ လယ်ကွင်းများ၊ တောတောင်များတွင် ပုန်းရှောင်ခဲ့ရပြီး အခြား ၂၀၀၀ ဦးခန့်သည် မန္တလေး၊ ပြင်ဦးလွင်နှင့် ကျောက် မဲမြိုများသို ထွက် ပြေးခိုလှုခဲ့ကြရကြောင်း ၊ လက်ရှိအချိန်တွင် ဇန်နဝါရီလကုန်ကတည်းက တိုက်ပွဲများ ရပ်တန့်သွားခဲ့သော်လည်း အကြမ်းဖက်စစ်တပ်၏ တပ်မ ၉၉ တပ်သားများသည် မြိုတွင်းတွင် အခြေစိုက်တပ်စွဲထား ဆဲဖြစ်၍ နေရပ်စွန့်ခွာထွက်ပြေးခဲ့သော ဒေသပြည်သူများသည် နေရပ်သို မပြန်ရဲကြသေးကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article