25 C
Yangon

မုံရွာ-မန္တလေး လမ်းပိုင်းတွင် စစ်တပ် စစ်ကြောင်းနှင့် စစ်ကားများကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ အရာရှိ ၁ ဦးအပါအဝင် ၄ ဦးသေဆုံး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၉

စစ်ကိုင်းတိုင်း၊ မြင်းမူမြိုနယ်၊ မုံရွာ-မန္တလေး လမ်းပိုင်းတွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် စစ်ကားများကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ အရာရှိ ၁ ဦးအပါအဝင် ၄ ဦးသေဆုံးခဲ့ကြောင်း Moe Nyo Revolution Force (M.N.R.F) အဖွဲမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ည ၉ နာရီခန့်တွင် မုံရွာ-မန္တလေး ကားလမ်း ကန်ဖျားဇရပ်အနီးတွင် ကင်းပုန်းဝပ်ရန် ထီးဆောင်းစခန်းမှခြေလျင် ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို Moe Nyo Revolution Force (M.N.R.F) မှ တော်လှန်ရေး ရဲဘော်များက အသင့်စောင့်ကြိုပြီး မိုင်း ၃ လုံးဖြင့်ဖောက်ခွဲ၍ လက်နက်ငယ်များဖြင့် ဝိုင်းဝန်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းနေ့ ည ၁၁ နာရီ ၅၀ မိနစ်ခန့်တွင် မိုင်းရှင်းရန် ညောင်ပင်ဝန်းစခန်းမှ ထွက်လာသော ကား ၁ စီးသည် ကန်ဖျားဇရပ်တွင် ရပ်ထားစဉ် မိုင်း ၆ လုံးဖြင့် ကင်းပုန်းများ ကြားမှ ဖောက်ခွဲ တိုက်ခိုက်နိုင်ခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် စစ်ကိုင်း တပ်မ ၃၃ မှ မြင်းမူဘက်ကို ထွက်လာသည့် စစ်ကား ၅ စီးပါ ယာဉ်တန်းမှ နောက်ဆုံး အစီးကို ကန်ဖျားဇရပ်နှင့် ထီးဆောင်း အကြားတွင် တော်လှန်ရေး တပ်ဖွဲများက မိုင်း ၃လုံးဖြင့် ထပ်မံဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ ထိုပြင် ညနေ ၅ နာရီ ၃၀ မိနစ်ခန့်တွင် စစ်ကိုင်းဘက်မှ ထပ်မံ ထွက်လာသော စစ်ကား ၅ စီးပါ ယာဉ်တန်းမှ ၄ စီးမြောက် ကားကို ဖောက်ခွဲရန် မိုင်းကုန်နေချိန်တွင် တော်လှန်ရေး ရဲဘော်များက ကားလမ်းဘေးတွင် ကင်းပုန်းဦးစွာရယူပြီးလက်နက်ငယ်များဖြင့် ကားခေါင်းခန်းကို ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ယင်း ပစ်ခတ် တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ တပ်သားများ လိုက်ပါလာသော ကားမှာ ပြန်လည် ပစ်ခတ်နိုင်ခြင်းမရှိဘဲ နောက်မှလိုက်လာသော ကားများမှ ၄၀ မမ ၅ လုံး ဆက်တိုက်ပစ်ပြီး လက်နက်ငယ်များဖြင့် အဆက်မပြတ် တိုက်ခိုက်သောကြောင့် ရဲဘော်များ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း၊ ရဲဘော်များ ဆုတ်သည့်လမ်းတွင် ၄၀ မမ ဗုံးသီးများ ကျရောက်ခဲ့သော်လည်း ထိခိုက်မှုမရှိဘဲ ပြန်လည် အောင်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ယင်း ၂ ရက်ဆက် တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ အရာရှိ ၁ ဦးအပါအဝင် ၄ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများပြားကာ ဒဏ်ရာအခြေအနေ ပြင်းထန်သူများလည်း ရှိကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Moe Nyo Revolution Force MNRF ၊ PENTAGRAM(ငါးထောင့်ကြယ်) ၊ People Revolution Force Kyaukse ၊ ညီနောင်သုံးဖွဲ တိုက ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article