ရန်ကုန်၊ မတ် ၅
ရှမ်းပြည်နယ် တောင်ပိုင်း၊ ဆီဆိုင်မြိုကို စစ်တပ်က စစ်ကြောင်းထိုး တိုက်ခိုက်ခြင်းကြောင့် တိုက်ပွဲပြင်းထန်ခဲ့ပြီး မြိုထဲကို လက်နက်ကြီးများဖြင့် အကြိမ် ၄၀ ကျော် ပစ်ခတ်မှုကြောင့် နေအိမ်များ ပျက်စီးခဲ့ကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLA) က ထုတ်ပြန်ထားသည်။
မတ်လ ၄ ရက်နေ့ နံနက် ၆ နာရီမှ ညနေ ၅ နာရီထိ ဆီဆိုင်မြိုကို အကြမ်းဖက် စစ်တပ် စစ်ကြောင်းထိုးတိုက်ခိုက်လာသောကြောင့် ဆီဆိုင်မြို မြောက်ဘက်တွင် တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်တပ်ကို ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLA) က ပြင်းပြင်းထန်ထန်ခုခံ တိုက်ခိုက်ခဲ့သောကြောင့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် မြိုမြောက်ဘက်ကို အထိအခိုက်များစွာဖြင့် ပြန်လည်ဆုတ်သွားရကြောင်း သိရှိရသည်။
တိုက်ပွဲအတွင်း အထိနာနေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် တိုက်ပွဲနှင့် မသက်ဆိုင်သည့် ဆီဆိုင်မြိုကို လက်နက်ကြီးဖြင့် အကြိမ် ၄၀ ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ စစ်တပ်၏ ပစ်ခတ် ဖျက်ဆီးခြင်းကြောင့် မြိုထဲရှိ နေအိမ်များ ထိခိုက် ပျက်စီးခဲ့ကြောင်း သိရသည်။
ထိုပြင် ယမန်နေ့ကလည်း အကြမ်းဖက် စစ်တပ်က မဲနယ်တောင်ဒေသကို ဟိုပုံးမြိုဘက်မှနေပြီး လက်နက်ကြီးဖြင့် အကြိမ် ၂၀ ကျော် ပစ်ခတ်တိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်သည် လေယာဉ်များ လက်နက်ကြီးများကို အလွန်အကျွံအသုံးပြုပြီး ပအိုဝ်းဒေသကို ပစ်ခတ်ဖျက်ဆီးလျက်ရှိပြီး စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်းကျူးလွန်လျက်ရှိကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLA) က ထုတ်ပြန်ထားသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar