26 C
Yangon

ကျိုက်ဒုံမြို့ရှိ စစ်ကောင်စီတပ်၏ မဲသရောထစခန်းနှင့် ဂျိုးဖြူချက်ပွိုင့် တောင် ကုန်းကို KNLAနှင့် SOF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက် ၊ စစ်သားအလောင်း ၅ လောင်း၊ လက်နက် ၆၁ လက်နှင့်ခဲယမ်းများ ရရှိ

Must read

စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ဦးခန့် ထိုင်းနိုင်ငံသို့ ထွက်ပြေးပြီး ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက်ကို တော်လှန်ရေးတပ်များ ထိန်းချုပ်

ရန်ကုန်၊ မတ် ၂၀

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျိုက်ဒုံမြို့ရှိ စစ်ကောင်စီတပ်၏ မဲသရောထစခန်းကို KNLAနှင့် SOF တပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်လိုက်ရာ စစ်သားအလောင်း ၅ လောင်း၊ လက်နက် ၆၁ လက်နှင့်ခဲယမ်းများ ရရှိကြောင်း တောင်ပိုင်းစစ်ဒေသ၊ အထူးတပ်ဖွဲ့၏ တပ်ဖွဲ့မှူး ကိုအောင်စံရှားက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၁၉ ရက်နေ့တွင် KNU တပ်မဟာ (၆) နယ်မြေ၊ ကျိုက်ဒုံမြို့နယ်ရှိ မဲသရောထစခန်းကုန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းနိုင်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်၏ စကခ ၁၉ လက်အောက်ခံ ခမရ ၅၅၇ နှင့် ခမရ ၅၅၈ မှ တပ်သားများအထိုင်ချတပ်စွဲထားသော မဲသရောထ စခန်းကုန်းကို မတ်လ ၁၅ ရက်နေ့မှစ၍ ပိတ်ဆို့တိုက်ခိုက်ခဲ့ပြီး မတ်လ ၁၅ ရက်နေ့ ည ၁၀ နာရီ ၃၀ မိနစ်အချိန် တပ်ကြပ်ကြီး သက်နိုင်ဦးသည် MA4 ပူးတွဲသေနတ် ၁ လက်၊ ၄၀မမဗုံး ၁၀ လုံး၊ ၅.၅၆ ကျည် ၂၀၀ တောင့်နှင့် လက်နက်ချအညံ့ခံလာခဲ့ကြောင်း သိရှိရသည်။

မတ်လ ၁၈ ရက်နေ့တွင် KNLA နှင့် SOF ချေမှုန်းရေးတပ်ဖွဲ့က စစ်ကောင်စီတပ်စခန်းကို ထိုးစစ်ဆင်၍ တက်ရောက်ရှင်းလင်းခဲ့ရာ စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွာ ထွက်ပြေးသွားသောကြောင့် စခန်းကုန်းကို မီးရှို့ရှင်းလင်းနိုင်ခဲ့ကြောင်း၊ မတ်လ ၁၉ ရက်နေ့တွင် စစ်သားများ ထပ်မံအခြေချတပ်စွဲထားသည့် ဂျိုးဖြူချက်ပွိုင့် တောင်ကုန်းအားပိတ်ဆို့၍ ထပ်မံတိုက်ခိုက်ချေမှုန်းခဲ့ရာ တစ်နေကုန်တိုက်ပွဲပြင်းထန်ခဲ့ပြီး မတ်လ ၁၉ ရက်နေ့ ညနေ ၄ နာရီ ၁၅ မိနစ်အချိန်တွင် စခန်းကုန်းအား သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ပွဲတွင် စစ်သားများ၏ သေဆုံးရုပ်အလောင်း ၅ လောင်းနှင့် လက်နက်ကြီးလက်နက်ငယ် စုစုပေါင်း ၆၁ လက်နှင့် ခဲယမ်းများစွာ သိမ်းဆည်းရမိခဲ့ကြောင်း၊ ကျန်ရှိနေသာ စစ်ကောင်စီတပ်သား ၅၀ ဦးခန့်မှာ ထိုင်းနိုင်ငံဘက်ခြမ်း ပိုင်ခလိုင်ရွာဘက်သို့ ထိခိုက်ဒဏ်ရာများစွာဖြင့် ဆုတ်ခွာထွက်ပြေးခဲ့ကြောင်း၊ KNLA နှင့် SOF မှရဲဘော်များ အထိအခိုက်မရှိဘဲ နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း၊ ထိုင်း-မြန်မာနိုင်ငံဘက်ခြမ်း နယ်စပ်တလျှောက်အား နယ်မြေစိုးမိုးထားကြောင်း သိရှိရသည်။

“ကျိုက်ဒုံမြို့နယ် မဲသရောထ စခန်းသိမ်းပွဲ” မှာ ရန်သူ ၅ ဦးအလောင်းနဲ့ လက်နက် ၆၀ ကျော်ရတယ်၊ ကျန်တဲ့စကစ ၅၀ လောက် ထိုင်းဘက်ခြမ်း ပိုင်ခလိုင်ရွာကို ထွက်ပြေးသွားတယ်။ KNLA နဲ့ SOF ပူးပေါင်းအဖွဲ့ရဲ့ တိုက်ပွဲပါ” ဟု တောင်ပိုင်းစစ်ဒေသ၊ အထူးတပ်ဖွဲ့၏ တပ်ဖွဲ့မှူး ကိုအောင်စံရှားက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article