25 C
Yangon

တန့်ဆည်-ရေဦး-ခင်ဦး နယ်စပ်ကို စစ်တပ်က စစ်ကြောင်းထိုးနေပြီး ပြည်သူ ၄ ဦးကို သတ်ဖြတ်ကာ နေအိမ်၊ ဈေးဆိုင်နှင့် ကြက်ခြံများကို မီးရှို့ဖျက်ဆီး၊ ကျေးရွာ ၁၀ ရွာကျော်မှ ပြည်သူ ၅၀၀၀ ကျော် ထွက်ပြေးနေရ

Must read

ရန်ကုန်၊ မတ် ၂၅

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြိုနယ်-ရေဦးမြိုနယ်-ခင်ဦးမြိုနယ် အစပ်ရှိ ကျေးရွာ အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးနေပြီး ပြည်သူ ၄ ဦးကို သတ်ဖြတ်ကာ နေအိမ်၊ ဈေးဆိုင်နှင့် ကြက်ခြံများကို မီးရှို့ဖျက်ဆီး၊ ကျေးရွာ ၁၀ ရွာကျော်မှ ပြည်သူ ၅၀၀၀ ကျော် ထွက်ပြေးနေရကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ရန်ကုန်ခေတ်သစ် မီဒီယာသို ပြောဆိုသည်။

မတ်လ ၂၁ ရက်နေ့က တန့်ဆည်မြိုပေါ်မှထွက်လာသည့် ကန့်ဘလူ ဝါသဝ ပျူစောထီး စစ်ကြောင်းနှင့် အကြမ်းဖက် စစ်သား အင်အား ၁၃၀ ကျော်သည် တန့်ဆည်မြိုနယ် တောင်ဘက်ခြမ်းရှိ ကျေးရွာများဘက်ကို စစ်ကြောင်းထိုးစီးနင်းခဲ့ကြောင်း သိရသည်။

မတ်လ ၂၂ ရက်နေ့နှင့် ၂၃ ရက်နေ့တွင် တန့်ဆည်မြိုနယ်၊ ချောင်းရိုးရွာကို ပစ်ခတ် ဝင်ရောက် စီးနင်းပြီး ခရစ်ယာန် ဘာသာဝင် အမျိုးသား ၂ ဦးကို ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ခရစ်ယာန်သုဿာန်ထဲ၌ ပြည်သူ ၁ ဦးကို ခေါင်းဖြတ် သတ်ကာ ကျန် ၁ ဦးကို လည်ပင်းကို ကြိုးဖြင့်ချီ၍ သစ်ပင်၌ တွဲလောင်းချီကာ လည်လှီး သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ချောင်းရိုးရွာသည် ကက်သလစ် ခရစ်ယန် ဘာသာဝင်များ နေထိုင်သော ကျေးရွာတစ်ရွာဖြစ်ပြီး အကြမ်းဖက် စစ်တပ်၏ အကြိမ်ကြိမ် မီးရှိဖျက်ဆီးခြင်းကြောင့် ရွာလုံးကျွတ် မီးလောင် ဆုံးရှုးခဲ့ပြီး ဘုရားကျောင်းတစ်ခုသာ မီးမလောင်ဘဲ ကျန်ရှိခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်က ချောင်းရိုးရွာရှိ ကြက်ခြံ ၃ ခြံနှင့် ကားလမ်းဘေးရှိ စားသောက်ဆိုင်ခန်း ၅ ဆိုင်၊ နေအိမ် ၄ လုံးကိုလည်း မီးရှိ ဖျက်ဆီးခဲ့ကြောင်း သိရသည်။

မတ်လ ၂၄ ရက်နေ့တွင် တန့်ဆည်မြိုနယ်၊ ချောင်းရိုးရွာမှ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ရေဦးမြိုနယ်၊ ဗိုလ်ရုံရွာကို ဆက်လက် စစ်ကြောင်းထိုးလာပြီး ဗိုလ်ရုံရွာကို မဝင်ရောက်မီ ရေဦးမြို အထိုင်ဂိတ်ရှိ စစ်ကောင်စီ တပ်သားများက ဗိုလ်ရုံရွာနှင့် ပန်းကုံးရွာရှိ စစ်ဘေးရှောင် ပြည်သူများကို လက်နက်ကြီး ၁၂၀၀ မမများဖြင့် ပစ်ခတ်ခဲ့သောကြောင့် ဗိုလ်ရုံရွာမှ အသက် ၄၀ ကျော် အရွယ် ဒေါ်ကြူနှင့် အသက် ၇၀ အရွယ် ဒေါ်အုန်းရင်တိုသေဆုံးခဲ့ကြောင်း သိရှိရသည်။

ရေဦးမြိုပေါ်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လက်နက်ကြီး ပစ်ကူများ ပစ်ခတ်ပြီးနောက် စစ်ကောင်စီ တပ်သားများသည် ဗိုလ်ရုံရွာကို ဝင်ရောက်စီးနင်းခဲ့ကြောင်း၊ ယင်းနေ့ညပိုင်းတွင် ဗိုလ်ရုံရွာမှ ပန်းကုံးရွာကို ထပ်မံ ဝင်ရောက် စီးနင်း တပ်စွဲခဲ့ပြီး ပန်းကုံးရွာထိပ်မှ မူးချောင်းကို ဖောင်များနှင့် အရှေ့ဘက်ကို ဖြတ်ကူးပြီး ဖိန်းကားရွာကို ထပ်မံ ဝင်ရောက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ဖိန်းကားရွာကို ဝင်ရောက် သွားပြီးနောက် ဒဏ်ရာရ စစ်သားများကို ရေဦးမှ လာကြိုသည့် ကားကြီးများဖြင့် တင်ဆောင်ကာ ရေဦးမြိုကို ခေါ်ဆောင်သွားပြီး ကျန်ရှိနေသော စစ်ကောင်စီ တပ်သားများသည် ခြေလျင် စစ်ကြောင်းဖြင့် မြိုထဲကို ဝင်ရောက်သွားကြောင်း သိရှိရသည်။

ယနေ့ မတ်လ ၂၅ ရက်နေ့တွင် ရေဦးမြိုထဲ ရောက်ရှိနေသော စစ်ကောင်စီ တပ်သားများသည် ခင်ဦးမြိုထဲကို ထပ်မံ စစ်ကြောင်းထိုးနေကြောင်း၊ လက်ရှိချိန်ထိ တန့်ဆည်မြိုနယ် ချောင်းရိုးရွာနှင့် ရေဦးမြိုနယ် မြောက်ဘက်ခြမ်းရှိ ပုဏ္ဏကား၊ အင်တော၊ ဆပ်သေ၊ ဗိုလ်ရုံ၊ ပန်းကုံးနှင့် ဖိန်းကား ရွာများ အပါအဝင် ကျေးရွာ ၁၀ ရွာကျော်မှ ပြည်သူ ၅၀၀၀ ကျော်သည် ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။

Photo – စစ်တပ် စစ်ကြောင်းရွာထဲ ဝင်ရောက်လာကြောင့် ထွက်ပြေး တိမ်းရှောင်နေရသော ပြည်သူများ (ပုံအဟောင်းဖြစ်သည်)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

စစ်တပ် စစ်ကြောင်းရွာထဲ ဝင်ရောက်လာကြောင့် ထွက်ပြေး တိမ်းရှောင်နေရသော ပြည်သူများ (ပုံအဟောင်းဖြစ်သည်)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article