25 C
Yangon

ကော့ကရိတ်မြိုနယ်၊ ကော့ဘိန်းကျေးရွာရဲစခန်းကို တော်လှန်ရေး ပူးပေါင်း တပ်ဖွဲများက တိုက်ခိုက်သိမ်းပိုက်၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိပြီး စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲနေ၍ တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေ

Must read

ရန်ကုန်၊ မတ် ၂၅

ကရင်ပြည်နယ်၊ ကော့ကရိတ်မြိုနယ်၊ ကော့ဘိန်းကျေးရွာ ရဲစခန်းကို တော်လှန်ရေး ပူးပေါင်း တပ်ဖွဲများက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကာ စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲနေ၍ တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေကြောင်း မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) အဖွဲ ၏ ပြောရေးဆိုခွင့်ရှိသူက ရန်ကုန်ခေတ်သစ် မီဒီယာသို ပြောဆိုသည်။

မတ်လ ၂၄ ရက်နေ့တွင် ကော့ဘိန်းရွာရှိ ရဲစခန်းကို မွန်နှင့်ကရင် တော်လှန်ရေး ပူးပေါင်း တပ်ဖွဲများကပူးပေါင်း၍ ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး ယနေ့ မတ်လ ၂၅ ရက်နေ့အထိ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) အဖွဲ ထံမှ သိရှိရသည်။

“စခန်းက ရသွားပြီ။ လေယာဉ်နဲ့ စစ်ကောင်စီဘက်က လာကျဲနေတုန်းပဲ။ လက်နက်အချို ၁၀ လက်လောက် သိမ်းလိုက်နိုင်တယ်။ စစ်ကောင်စီဝင် အချို လက်နက်ချတယ်ကြားပေမယ့် တိုက်ပွဲရှိဆဲဆိုတော့ အတိအကျမသိရသေးဘူး” ဟု မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) အဖွဲ ၏ ပြောရေးဆိုခွင့်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို မွန်ပြည်သစ်ပါတီ AD နှင့် MLAကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ KNLA တပ်ဖွဲ ကျားဖြူစစ်ကြောင်းဂဠုန်စစ်ကြောင်းတိုက ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article