38 C
Yangon

စစ်မှုထမ်းရန် မဲပေါက်ထားသူများ ဆေးစစ်ရန် စစ်တပ်က ခေါ်ယူမည်ဖြစ်ပြီး ထွက်မပြေးရန်နှင့် အထုပ်အပိုး ပြင်ထားရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက လိုက်လံ ဖိအားပေးခြိမ်းခြောက်

Must read

ရန်ကုန်တွင် စစ်မှုထမ်းရန် လူငယ်တချို့ ကို စစ်တပ်ထဲသို့ ခေါ်ယူ ထိန်းသိမ်း

ရန်ကုန်၊ မတ် ၂၆

အကြမ်းဖက်စစ်ကောင်စီက ယခု မတ်လကုန်မှစတင်ပြီး စစ်မှုထမ်းရန် မဲပေါက်ထားသူများကို ဆေးစစ်ရန် အတွက် စတင်ခေါ်ယူသွားမည်ဖြစ်ပြီး ထွက်မပြေးရန်၊ အထုပ်အပိုးများ ပြင်ဆင်ထားရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက လိုက်လံ ဖိအားပေးခြိမ်းခြောက်နေကြောင်း ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၂၇ ရက်နေ့မှစတင်ပြီး စစ်မှုထမ်းရန် မဲပေါက်ထားသည့် လူငယ်များကို ဆေးစစ်ရန် သက်ဆိုင်ရာ တပ်စခန်းများဆီသို့ အရောက်လာကြရန် စတင်အကြောင်းကြားနေပြီး ရပ်ကွက်နှင့်ကျေးရွာများကိုလိုက်၍ ဆေးစစ်ရမည့် ရက် ကွဲပြားခြားနားကြောင်း သိရှိရသည်။

“ကျနော်တို့ ဘက်မှာတော့ မတ်လ ၂၇ ရက်နေ့ ၊ တချို့ရပ်ကွက်တွေက မတ်လ ၂၈ ရက်နေ့ ဆေးစစ်ဖို့ သက် ဆိုင်ရာ ခရိုင်အုပ်ချုပ်ရေးရုံးကို အထုတ်အပိုးယူပြီး လာရမယ်။ တစ်ကိုယ်ရည်သုံးပစ္စည်းတွေ အကုန်ပါအောင် ယူရမယ်လို့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့က သတိပေးတယ်။ နောက်လတွေမှာလည်း မဲဖောက်ပြီး ပေါက်တဲ့ လူ သွားရမှာမို့ စာရင်းဝင်ထားပြီးသား လူတွေ၊ မဲမနှိုက်ရသေးသူတွေ၊ မဲပေါက်ပြီးသူတွေ ထွက်မပြေးဖို့ ၊ ထွက်ပြေးရင် ကျန်ရစ်တဲ့ မိသားစု ဒုက္ခရောက်နိုင်တယ်ဆိုတာမျိုး ပြောတယ်။ ပြီးတော့ အထုပ်အပိုး ပြင်ထားဖို့လည်း ပြောတယ်” ဟု ဒဂုံမြို့သစ်မြောက်ပိုင်း၊ ကျောင်းလမ်းတွင် နေထိုင်သူ လူငယ် မိဘတစ်ဦးက ပြောဆိုသည်။

ထို့ပြင် စစ်ကောင်စီက ရန်ကုန်မြို့တွင်ပင် ညပိုင်း လူငယ်များကို လမ်းတွင် ဖမ်းဆီး စစ်ဆေးခြင်း၊ မှတ်ပုံတင် တောင်းယူခြင်း၊ ညဘက် အိမ်များပေါ်သို့ တက်၍ ဧည့်စာရင်း စစ်ဆေးခြင်းများလုပ်ဆောင်ပြီး ဧည့်စာရင်း မတိုင်ထားသူ၊ မှတ်ပုံတင် မပြနိုင်သော လူငယ်တချို့ကို ဖမ်းဆီးခြင်း၊ စစ်ထဲသို့ ခေါ်ယူ ထိန်းသိမ်းခြင်းများ လုပ်ဆောင် လျက်ရှိကြောင်း သိရှိရသည်။

“ဧည့်စာရင်းစစ်တယ်၊ မှတ်ပုံတင်တောင်းတယ်။ အဲဒါမပြနိုင်ရင် လိုက်ခဲ့ဆိုပြီး တပ်ထဲခေါ်သွားတယ်။ တပ်ထဲရောက်တော့ မှတ်ပုံတင် လုပ်ပေးမယ်။ စစ်ထဲဝင်ခိုင်းတယ်။ ၂ နှစ်ပဲ။ စစ်မတိုက်ရဘူး။ တပ်လုံခြုံရေးပဲ လုပ်ရမယ် ဆိုတာမျိုး စည်းရုံးတယ်။ နောက်တော့ ငြင်းမရတော့ လုပ်မယ်ဆိုပြီးပဲ ကလေးက ပြန်ပြောလိုက်တယ်” ဟု မင်္ဂလာဒုံတွင် စုဆောင်းရေးတပ်တွင် ဖမ်းဆီးခံထားရသော လူငယ်တစ်ဦး၏ ဖခင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက လာမည့် ဧပြီလကုန်၊ မေလဆန်းမှစတင်ပြီး စစ်မှုထမ်းဥပဒေအရ လူငယ်များကို စစ်သင်တန်းတက်ခိုင်းကာ စစ်သားများအဖြစ် စတင် စုဆောင်းမှုများ လုပ်ဆောင်နေပြီဖြစ်သည်။

ဓာတ်ပုံ – ယခုလပိုင်းအတွင်း နိုင်ငံတစ်ဝန်းမှ စစ်သားသစ်အဖြစ် စုဆောင်းခံရသော လူငယ်များကို စစ်သင်တန်းခန်းမတွင် တွေ့ရစဉ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #စစ်မှုထမ်းရန် မဲပေါက်ထားသူ #ရပ်ကွက်အုပ်ချုပ်ရေးမှူ#စစ်တပ်က ခေါ်ယူ

ယခုလပိုင်းအတွင်း နိုင်ငံတစ်ဝန်းမှ စစ်သားသစ်အဖြစ် စုဆောင်းခံရသော လူငယ်များကို စစ်သင်တန်းခန်းမတွင် တွေ့ရစဉ်။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article