30 C
Yangon

Breaking News- တရုတ်-မြန်မာနယ်စပ်၊ လွယ်ဂျယ်မြို့နှင့်နယ်စပ်ဂိတ်ကို KIA က သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီလက် အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းများ၊ စစ်သားများ တရုတ်ဘက်သို့ ထွက်ပြေး၊ တချို့ ပြေးမရဘဲ ပိတ်မိနေ

Must read

KIA က စစ်ဆင်ရေးဖြင့် ပထမဆုံး သိမ်းယူသော မြို့မှာ လွယ်ဂျယ်မြို့ဖြစ်လာ

ရန်ကုန်၊ မတ် ၂၉

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်ရှိ တရုတ်-မြန်မာနယ် နယ်စပ်မြို့ဖြစ်သော လွယ်ဂျယ်မြို့နှင့် နယ်စပ်ဂိတ်ကို KIA က ယနေ့နံနက်ပိုင်းတွင် အပြီးသတ်သိမ်းပိုက်လိုက်ကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၂၇ ရက်နေ့မှစတင်ပြီး လွယ်ဂျယ်မြို့အနီး ဗန်းမော်-လွယ်ဂျယ်လမ်းတစ်လျှောက်ရှိ စစ်ကောင်စီတပ်စခန်း ၁၀ ခုထက်မနည်းကို KIA က စတင်တိုက်ခိုက်ခဲ့ပြီး စခန်းများကို တောက်လျှောက်ဆိုသလို သိမ်းပိုက်ခဲ့ရာမှ ယနေ့ မတ်လ ၂၉ ရက်နေ့တွင် လွယ်ဂျယ်မြို့ကို သိမ်းပိုက်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ဗန်းမော် လွယ်ဂျယ်လမ်းတစ်လျှောက်တွင် KIA က သိမ်းယူဖို့ကတော့ စိန်လုံတောင်စစ်တပ် စခန်းတစ်ခုတည်းသာ ကျန်ရှိတော့ပြီးတော့ လွယ်ဂျယ်မြို့ကိုလည်း သိမ်းလိုက်ပါပြီ။ အခု စစ်သားတွေ တရုတ်ဘက်ကို ပြေးဖို့ လုပ်တာ တချို့တော့ လွတ်သွားပေမယ့် အခု တရုတ်က နယ်စပ်ဂိတ်ကို ပိတ်ချလိုက်တယ်။ KIA ဘက်က လက်နက်ချပြီး အေးအေးဆေးဆေး အလင်းဝင်ဖို့ အချိန်ပေးထားတယ်။ လွယ်ဂျယ်မြို့ကတော့ အလုံးစုံရပြီ” ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။

မတ်လ ၇ ရက်နေ့မှစတင်ပြီး KIA က စစ်ဆင်ရေးဖြင့် ကချင်ပြည်နယ်တစ်ဝန်းရှိ စစ်ကောင်စီတပ်စခန်းများကို စတင်တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ စစ်ကောင်စီတပ်စခန်းများစွာ တိုက်ခိုက်သိမ်းပိုက်ရရှိထားပြီး ဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #တရုတ်-မြန်မာနယ်စပ် #လွယ်ဂျယ်မြို့နှင့်နယ်စပ်ဂိတ်ကို KIA က သိမ်းပိုက်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article