26 C
Yangon

ရွှေဘိုမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် အကြောင်းမဲ့ ပစ်ခတ်ခြင်းကြောင့် ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေးနေရ

Must read

ရန်ကုန်၊ ဧပြီ ၅

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် အကြောင်းမဲ့ ပစ်ခတ်ခြင်းကြောင့် ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေးနေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၅ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ရွှေဘိုမြို့ အနောက်ဘက်ရှိ မင်းကုန်းဘုန်းကြီးကျောင်းတွင် အင်အား ၄၀ ခန့်ဖြင့် တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို ရိက္ခာလာပို့သည့် စစ်ကား ၂ စီး ရောက်ရှိလာပြီးနောက် အကြမ်းဖက် စစ်တပ်က အနီးအနားရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ရမ်းသမ်း ပစ်ခတ်နေခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည်များသည် ချီပါမြောက်ရွာ၊ ကင်ဗျားရွာနှင့် အိုဘိုရွာများကို ကျရောက် ပေါက်ကွဲခဲ့သောကြောင့် ကျေးရွာအတွင်းနေထိုင်သော ထောင်နှင့်ချီသော ပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်ကြောင်း သိရှိရသည်။

“ရွှေဘိုမြို့ အနောက်ဘက်မှာရှိတဲ့ မင်းကုန်းဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်ခွေး အင်အား ၄၀ ခန့် နေထိုင်တဲ့နေကို ကား ၂ စီးနဲ့ စစ်ခွေး အင်အား ၃၀ လောက် ထပ်ရောက်လာပြီး ရိက္ခာလာပို့တဲ့အချိန် လက်နက်ကြီးတွေနဲ့ ဆက်လက် ပစ်တာ ချီပါမြောက်ရွာရဲ့ အရှေ့ဘက်လယ်ထဲကျတယ်။ ကင်ဗျားရွာနဲ့ အိုဘိုရွာ အကြား လက်နက်ကြီးတွေ ဆက်လက်ကျတယ်လို့ ပြည်သူတွေ ထွက်ပြေးနေရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

လက်ရှိချိန်တွင် ချီပါမြောက်ရွာ၊ ကင်းဗျားရွာနှင့် အိုဘိုရွာမှ ပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရပြီး လက်နက်ကြီးကျရောက် ပေါက်ကွဲမှုကြောင့် ပြည်သူများ ထိခိုက်မှုရှိမရှိ အတည်မပြုနိုင်သေးဘဲ လျှပ်စစ်ကြိုးများ ပြတ်တောက်မှု ရှိကြောင်း ဒေသပြည်သူများ ထံမှ သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #လက်နက်ကြီးဖြင့်အကြောင်းမဲ့ပစ်ခတ်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article