26 C
Yangon

ဖျာပုံအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား ၁၁ ဦးခန့်ကို စစ်တပ်က ထောင်ပြောင်းရွှေ့မည်ဟုဆိုကာ အိမ်စီးကားများဖြင့် ခေါ်ထုတ်သွား၊ စစ်တပ်က လမ်းတွင် အကြောင်းမဲ့ သတ်ဖြတ်မည်ကို မိသားစုဝင်များ စိုးရိမ်နေ

Must read

ရန်ကုန်၊ ဧပြီ ၅

ဖျာပုံအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား ၁၁ ဦးခန့်ကို အကြမ်းဖက် စစ်တပ်က ထောင်ပြောင်းရွှေ့မည်ဟုဆိုကာ အိမ်စီးကားများဖြင့် ခေါ်ထုတ်သွားပြီး လမ်းတွင် အကြောင်းမဲ့ သတ်ဖြတ်မည်ကို မိသားစုဝင်များက စိုးရိမ်နေကြကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ ဧပြီလ ၅ ရက် နံနက် ၁၀ နာရီခန့်တွင် ဖျာပုံအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား ၁၁ ဦးခန့်ကို အင်းစိန်အကျဥ်း‌ထောင်နှင့် သာယာဝတီထောင်များကို ပြောင်းရွှေ့မည်ဟုဆိုကာ စစ်တပ်၊ ရဲနှင့် အကျဉ်းဦးစီးဝန်ထမ်းများမှ ခေါ်ဆောင်သွားခြင်း ဖြစ်ပြီး လတ်တလော စုံစမ်းမှုများအရ နိုင်ငံရေးအကျဉ်းသား ဦးရဲမျိုးထွဋ်၊ ကိုဗညားအောင်၊ ကိုမင်းမောင်၊ ကိုဝေယံဦး(ခ)ရှည်ကြီးတို့ ပါဝင်ကြောင်း သိရသည်။

“ခေါ်ထုတ်သွားတာတော့ အိမ်စီးကားတွေနဲ့ပါ။‌ ထောင်ပြောင်းခေါ်ထုတ်သွားရာမှာ ရဲမှူးအဆင့်ရှိသူတွေပါဝင်ပြီး လုံခြုံရေးအတွက် စစ်သားတွေလည်း ပါပါတယ်။ လမ်းမှာ အကြောင်းပြချက်တစ်ခုပေးပြီး သတ်ခံရမှာကို မိသားစုဝင်တွေလည်း စိုးရိမ်နေကြပါတယ်”ဟု ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သတင်းဌာနသို့ ပြောဆိုသည်။

ထောင်ပြောင်းရွှေ့ခံရသူများတွင် ပြီးခဲ့သည့် မတ်လ ၃၁ ရက်နေ့က နိုင်ငံရေးအကျဉ်းသားများ မတရားရိုက်နှက်ခံရသည့် ဖြစ်စဉ်အတွင်း ဥပဒေမဲ့ရိုက်နှက်ခံရပြီး ထောင်ဒဏ် ၆ လ ထပ်တိုးချခံရသူများလည်း ပါဝင်သွားကြောင်း၊ ထို့ပြင် ယနေ့ ဧပြီလ ၅ ရက်နေ့တွင် ထောင်ဝင်စာလာတွေ့သည့် မိသားစုဝင်များကို လူကြီးလမ်းကြောင်းရှိသည်ဟုဆိုကာ ထောင်ဝင်စာလက်မခံဘဲ ပြန်ခိုင်းကြောင်းလည်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ဆက်လက်ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်နှင့် ထောင်အာဏာပိုင်များသည် အကျဉ်းသားများကို ထောင်ပြောင်းရွှေ့စဉ် ထွက်ပြေးရန်ကြိုးစားသည့်အတွက် ပစ်ခတ်ရာ သေဆုံးသွားသည်ဟု ထုတ်ပြန်ပြီး ဥပဒေမဲ့ သတ်ဖြတ်ခြင်းများ ပြုလုပ်လေ့ရှိသည့်အတွက် ယနေ့ ဖျာပုံအကျဉ်းထောင် ပြောင်းရွှေ့မှုဖြစ်စဉ်ကို မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အရေးပေါ် ထုတ်ပြန်ရခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ – မတ်လ ၃၁ ရက်နေ့တွင် ဥပဒေမဲ့ ရိုက်နှက်ခြင်း ခံရသူများကို ဧပြီလ ၁ ရက်နေ့၌ ရုံးထုတ်စဉ်

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #ဖျာပုံအကျဉ်းထောင် #သတ်ဖြတ်မည်ကိုမိသားစုဝင်များစိုးရိမ်

မတ်လ ၃၁ ရက်နေ့တွင် ဥပဒေမဲ့ ရိုက်နှက်ခြင်း ခံရသူများကို ဧပြီလ ၁ ရက်နေ့၌ ရုံးထုတ်စဉ်
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article