28 C
Yangon

Khit Thit သတင်းဌာန၏ ဧပြီ ၁၀ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဧပြီ ၁၀ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • ကရင်ပြည်နယ် ၊ မြ၀တီမြို့က အကြမ်းဖက် စစ်ကောင်စီရဲ့ နောက်ဆုံးခံတပ်ဖြစ်တဲ့ ခလရ ၂၇၅ ကို KNLA PDF မဟာမိတ်ပူးပေါင်း တပ်တွေက ထိုးစစ်ဆင် တိုက်ခိုက်နေပြီး၊ မနေ့က ညပိုင်းကနေ ဒီနေ့မနက်အထိကို တိုက်ပွဲတွေ ဆက်တိုက် ပြင်းထန်နေတယ်လို့ စစ်ရေးသတင်းမြစ်နဲ့ဒေသခံ ပြည်သူတွေက ရန်ကုန်ခေတ်သစ် ကိုပြောပါတယ်။
  • ကရင်ပြည်နယ် မြ၀တီမြို့နယ်မှာ ညလုံးပေါက် တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အတွက် ထိုင်းစစ်တပ် ကလည်း ထိုင်း-မြန်မာနယ်စပ် တစ်လျှောက်မှာ ညလုံးပေါက် ၂၄ နာရီ ကင်းလှည့် နေကြသလို မြဝတီမြို့ဘက်ကနေ မဲဆောက်မြို့ထဲ ကူးလာသူတွေ များပြားနေတယ်လို့လည်း ထိုင်းသတင်း မီဒီယာတွေက ဖော်ပြနေကြပါတယ်။
  • မော်လမြိုင်ဘက်ကနေ သံချပ်ကာ ကား နဲ့ စစ်ယာဉ်တန်းတွေဟာ ကရင်ပြည်နယ် ဘားအံဘက်ကို ဦးတည်လာနေတယ်လို့ ပြည်သူတွေက ပြောထားသလို လက်ရှိ မြဝတီမြို့က ခလရ ၂၇၅ တိုက်ပွဲမှာ စစ်ကောင်စီဘက်က အထိနာနေတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article