30 C
Yangon

စစ်အာဏာရှင် နောက်ဆုံးနေ့ရက် နီးကပ်လာသည်နှင့်အမျှ တိုင်းပြည်နှင့်ပြည်သူ အထိနာအောင် ပိုမို ရက်စက်လာဟု အမျိုးသားညီညွတ်ရေးအစိုးရ-NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ပြော

Must read

ရန်ကုန်၊ ဧပြီ ၁၆

အကြမ်းဖက် စစ်အာဏာရှင်သည် နောက်ဆုံးနေ့ရက် နီးကပ်လာသည်နှင့်အမျှ တိုင်းပြည်နှင့်ပြည်သူ အထိနာအောင် ပိုမို ရက်စက်စွာ လုပ်ဆောင်လာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ-NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ပြောဆိုလိုက်သည်။

ယနေ့ ဧပြီလ ၁၆ ရက်နေ့တွင် ကျရောက်သော အမျိုးသား ညီညွတ်ရေးအစိုးရ ဖွဲ့စည်းခြင်း ၃ နှစ်ပြည့် မိန့်ခွန်းတွင် NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း က အထက်ပါအတိုင်းပြောဆိုခြင်းဖြစ်သည်။

လက်ရှိတွင် အကြမ်းဖက်စစ်အုပ်စု အခြေစိုက်ရာ နေပြည်တော်မြို့အထိ စစ်ဆင်ရေးဆင်နွှဲနိုင်ခဲ့ သည့်အပြင် နယ်စပ်ကုန်ရေးမြို့များကို သိမ်းပိုက်နိုင်ခဲ့ခြင်းသည် နွေဦးတော်လှန်ရေးအောင်ပွဲဆီသို့ တစ၊ တစ် နီးကပ်လာသည်ကို ပြသနေခြင်းဖြစ်ကြောင်း၊ အကြမ်းဖက်စစ်အုပ်စု အနေဖြင့် အင်အားချိ နဲ့လာမှုကြောင့် ပြည်သူကို စစ်ကျွန်ပြုရန် ကြိုးစားသည့် အဓမ္မစစ်သားစုဆောင်းသည့်ကိစ္စကို အတင်း အကျပ် လုပ်ဆောင်လာခြင်းဖြစ် ကြောင်း ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ရှင်းပြသည်။

“မြန်မာနိုင်ငံကို နှစ် ၇၀ ကျော်ကြာဖိနှိပ်ချုပ်ချယ်ပြီး တိုင်းပြည်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကဏ္ဍအားလုံးကို စစ်အာဏာရှင် သက်ဆိုးရှည်ရေးအတွက် စိုးမိုးချယ်လှယ်ချုပ်ကိုင်ခဲ့တဲ့အကြမ်းဖက် စစ်တပ်ဟာ ၎င်းတို့အာဏာကို လွယ်လွယ်နဲ့ လက်လွှတ်မှာမဟုတ်ကြောင်းကိုလည်း ပြည်သူအားလုံး နားလည်ပြီးဖြစ်ပါတယ်။ ၎င်းတို့ရဲ့ နောက်ဆုံးနေ့များ နီးလာလေလေ တိုင်းပြည်နဲ့ပြည်သူလူထုကို အထိနာစေအောင် ပိုမိုရက်စက်စွာ လုပ်ဆောင်လာနေသလို တော်လှန်ရေးအင်အားစုများအကြား သွေးခွဲမှုများနဲ့ နိုင်ငံတကာထောက်ပံ့မှုတစ်မျိုးတစ်ဖုံ ရယူနိုင်အောင် ကြိုးပမ်းလာနေတာကိုလည်း အားလုံး အလေးထားသတိပြု ဆင်ခြင်ထားဖို့ လိုမယ်လို့ သတိပေးပြောကြား လိုပါတယ်။” ဟု ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ပြောဆိုသည်။

လက်ရှိတွင် အမျိုးသားညီညွတ်ရေးအစိုးရ ဦးဆောင်သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် မဟာမိတ် တိုင်း ရင်းသားတော်လှန်ရေးအဖွဲ့များက နိုင်ငံ၏ နေရာအနှံ့အပြားရှိမြို့ပြများကို ဝိုင်းပတ် စိုးမိုးထိန်းချိုပ်ထားကြောင်း၊ အထူးသဖြင့်‌ နိုင်ငံအနှံအပြားရှိ ကျေးလက်များကို ထိန်းချုပ်ထားပြီ ဖြစ်ပြီးကြောင်း သိရသည်။

နိုင်ငံတကာအသိုက်အဝိုင်းအနေဖြင့် ၃ နှစ်ကျော်ကြာတိုင်မြန်မာပြည်သူလူထု၏ ဇွဲရှိမှု၊ ယုံကြည်ချက် မျှော် လင့်ချက်ပြင်းပြမှု၊ စစ်အာဏာရှင်စနစ်အပြီးတိုင် ဖျက်သိမ်းနိုင်ရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော် ထူထောင်ရန် ကြိုးပမ်းအားထုတ်မှုများကို အသိအမှတ်ပြုအားပေးထောက်ခံကာ နိုင်ငံရေး အရလိုအပ်သည့် ပံ့ပိုးကူညီမှုများနှင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများကို ဆက်လက် ပေး ကြ ပါရန် မန်းဝင်းခိုင်သန်းကတောင်းဆိုထားသည်။

“ယခုလက်ရှိတော်လှန်ရေးအင်အားစုတွေရဲ့ အောင်မြင်မှုတွေဟာ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော် ဝါရီလအတွင်းထဲမှာဆိုရင် စိတ်ကူးယဉ်ကြည့်ဖို့ပင် မဝံ့ရဲခဲ့တဲ့ နိုင်ငံရေး၊ စစ်ရေး၊မဟာမိတ်အရေး ၊ သံမတန်မရေးအောင်မြင်မှုတွေပဲ ဖြစ်ပါတယ်။ ဒီအောင်မြင်မှုတွေဟာ အသက်သွေးချွေးနဲ့ဘဝ ပေါင်း များစွာပေးဆပ်ပြီး မြဲမြံတဲ့ခံယူချက် ခိုင်မာ ပြတ်သားတဲ့ဆုံးဖြတ်ချက်တွေ နီစွေးတဲ့ ရဲစွမ်းသတ္တိတွေ ကြောင့် ရရှိလာခဲ့တာ ဖြစ်စ်ပါတယ်။”ဟု ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ပြောဆိုသည်။

လက်ရှိအောင်မြင်မှုများ၏ အရှိန်အဟုန်နှင့်မောင်းနှင်မှုသည် ပြည်သူလူထုတစ်ရပ်လုံး လိုလားသည့် အကြမ်း ဖက် စစ်တပ် အပြီးအပိုင်ချေမှုန်းရေး၊ ဖက်ဒရယ်ဒီမိုကရေးပြည်ထောင်စုအသစ် ထူထောင် ရေးအတွက် အရေးကြီးပြီး ဆက်လက်တိုက်ပွဲဝင်သွားကြရန် မန်းဝင်းခိုင်သန်းက တိုက်တွန်းသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #အမျိုးသားညီညွတ်ရေးအစိုးရ-NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း #စစ်အာဏာရှင် နောက်ဆုံးနေ့ရက်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article