28 C
Yangon

ရေစကြိုမြို့နယ်၊ ဟင်္သာရွာမှ ထွက်လာသည့် ပျူစောထီး စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု ပျူစောထီး ၃ ဦး အပြင်းအထန် ဒဏ်ရာရ

Must read

ရန်ကုန်၊ ဧပြီ ၁၇

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဟင်္သာရွာမှ ထွက်လာသည့် ပျူစောထီး စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၃ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း ရေကြို ပကဖ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဧပြီလ ၁၆ ရက်နေ့ နံနက် ၉ နာရီခွဲခန့်တွင် ရေစကြိုမြို့နယ်၊ ဟင်္သာရွာမှ ထွက်လာသည့် အင်အား ၃၀ ခန့်ပါ ပျူစောထီး စစ်ကြောင်းသည် ရပ်သာကျေးရွာဘက်ကို ထွက်လာစဉ် ဘုမ္မကျွန်းရွာနှင့် ရပ်သာကျေးရွာ အကြားအရောက်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၃ ဦးအပြင်းအထန် ဒဏ်ရာ ရရှိပြီး ၁ ဦးမှာ ပခုက္ကူဆေးရုံသို့ ပို့ဆောင်ကုသထားကြောင်း သိရသည်။

“ဟင်္သာပျူရွာက ဆင်ချောင်းနဲ့နီးတယ်။ အဲဒီဟင်္သာပျူရွာကနေ အင်အား ၃၀ လောက်ထွက်လာတာ။ ပျူတွေချည်းပဲ။ သေသွားတာတော့ မကြားမိဘူး၊ ကျနော်တို့ သတင်းရတာတော့ ၃ ယောက်ကတော့ တော်တော်ပြင်းပြင်းထန်ထန် ဒဏ်ရာရတယ်။ အဲဒီထဲကမှ တစ်ယောက်ကတော့ ပခုက္ကူမှာ ဆေး ကုသမှုခံ ယူနေတယ်လို့ပဲ သိရတာ။ တိုက်ပွဲဖြစ်ပြီး ပြန်ဆုတ်သွားတာ” ဟု ရေစကြို ပကဖ မှတာဝန် ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ပကဖ ရဲဘော်များက တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #ပျူစောထီး စစ်ကြောင်း

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article