36 C
Yangon

ကာမိုင်းမြို့၊ လွယ်ဆိုင်ရွာအနီးရှိ စစ်စခန်းမှ စစ်သားများ စခန်းစွန့်ခွာ ထွက်ပြေးသွားပြီး ကာမိုင်း ဗျူဟာကုန်း၌ သွားရောက်ပူးပေါင်း၊ ပြည်သူများလည်း မြို့ကို စွန့်ခွာထွက်ပြေးနေ

Must read

ရန်ကုန်၊ ဧပြီ ၁၇

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့ လွယ်ဆိုင်ရွာအနီးရှိ အကြမ်းဖက် စစ်တပ်၏ လွယ်ဆိုင် တာဝါတိုင်စခန်း မှ အင်အား ၂၀ ခန့်ရှိ အကြမ်းဖက် စစ်သားများ စခန်းကို စွန့်ခွာထွက်ပြေးကာ ကာမိုင်းမြို့ ဗျုဟာကုန်းကို သွားရောက် ပူးပေါင်းနေကြောင်း ဒေသတွင်းစစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၁၆ ရက်နေ့ ညနေ ၃ နာရီအချိန်ခန့်တွင် ကာမိုင်းမြို့၊ လွယ်ဆိုင်ရွာအနီးရှိ စစ်စခန်းမှ အကြမ်းဖက် စစ်သားများသည် မြို့သိမ်းတိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်၍ စခန်းကို စွန့်ခွာထွက်ပြေးကာ ကားမိုင်းမြို့ ဗျူဟာကုန်းရှိ အကြမ်းဖက် စစ်သားများနှင့် သွားရောက် ပူးပေါင်းခြင်း ဖြစ်ကြောင်း၊ ကာမိုင်းမြို့ ဗျူဟာကုန်းရှိ အကြမ်းဖက် စစ်သားများသည် မြို့သိမ်းတိုက်ပွဲအတွက် ခံစစ်ပြင်ဆင်နေကြကြောင်း သိရသည်။

“အခု နေရာက KIA တပ်မဟာ ၉ တပ်ရင်း ၄၄ နယ်မြေပေါ့။ လွန်ခဲ့တဲ့အပတ်ကပဲ နန့်ယားစစ်ကောင်စီစခန်းကို သိမ်းလိုက်ပြီဆိုတော့ အဲနားတစ်ဝိုက်က မယ်ဆိုင်းစခန်းတွေလည်း ထွက်ပြေးသွားကြတာပေါ့။ ကာမိုင်းမြို့မှာတော့ စစ်ကောင်စီက ခံစစ်ပြင်နေတာပေါ့”ဟု ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

ကာမိုင်းမြို့ရှိ ပြည်သူများသည်လည်း တိုက်ပွဲများ ဖြစ်ပွားလာနိုင်သောကြောင့် မြို့ကို စွန့်ခွာ ထွက်ပြေးနေကြကြောင်း ဒေသတွင်း စစ်ရေး သတင်းရင်းမြစ်က ဆက်လက်ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #လွယ်ဆိုင်ရွာအနီးရှိ စစ်စခန်း #ပြည်သူများလည်း မြို့ကို စွန့်ခွာ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article