30 C
Yangon

KBC ဥက္ကဋ္ဌ ဟောင်း ဒေါက်တာဆလမ်ဆမ်ဆွန် မြစ်ကြီးနားအကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာ

Must read

ရန်ကုန်၊ ဧပြီ ၁၇

အကြမ်းဖက်စစ်ကောင်စီ၏ မြစ်ကြီးနား အကျဉ်းထောင်တွင် ထောင်ဒဏ် ၆ နှစ် မတရား ပြစ်ဒဏ်ချမှတ်ခံထားရသော KBC ဥက္ကဋ္ဌ ဟောင်း ဒေါက်တာခလမ်ဆမ်ဆွန်သည် ယနေ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် ပြန်လည် လွတ်မြောက်လာကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီက ဒေါက်တာခလမ်ဆမ်ဆွန်ကို မတရားအသင်း ဥပဒေ ပုဒ်မ၁၇(၁)ဖြင့် ထောင်ဒဏ် ၂ နှစ်၊ ၅၀၅(က)ဖြင့် ထောင်ဒဏ် ၁ နှစ်၊ အကြမ်းဖက်တိုက်ဖျက်ရေးပုဒ်မ ၅၂(က)ဖြင့် ထောင်ဒဏ် ၃ နှစ် စုစုပေါင်း ၆ နှစ်အထိ ၂၀၂၃ ဧပြီလတွင် ချမှတ်ခဲ့ပြီး မြစ်ကြီးနား အကျဉ်းထောင်တွင် ချုပ်နှောင်ထားခဲ့ခြင်းဖြစ်သည်။

ဒေါက်တာခလမ်ဆမ်ဆွန်သည် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့ ထိုင်းနိုင်ငံသို့ သွားရောက်ရန် မန္တလေး လေဆိပ်တွင် လေယာဉ်စောင့်ဆိုင်းနေချိန် စစ်ကောင် စီ တပ်ဖွဲ့ဝင်များက လာရောက်ဖမ်းဆီးသွားခဲ့ပြီးနောက် ထောင်သွင်းအကျဉ်းချခံရခြင်းဖြစ်သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #KBC ဥက္ကဋ္ဌ ဟောင်း ဒေါက်တာဆလမ်ဆမ်ဆွန်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article