30 C
Yangon

ကလေးမြို့နယ်တွင် စစ်တပ် စစ်ကြောင်းက ပျဥ်းခုံကြီးရွာရှိ ဘုရားကျောင်း ၅ ကျောင်း အပါအဝင် ရွာလုံးကျွတ်နီးပါး မီးရှို့ ဖျက်ဆီး

Must read

ရန်ကုန်၊ ဧပြီ ၁၇

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ပျဉ်းခုံကြီးရွာရှိ ခရစ်ယာန်ဘုရားကျောင်း ၅ ကျောင်း အပါအဝင် အိမ်ခြေ ၄၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ဧပြီလ ၁၂ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ပျဥ်းခုံကြီးရွာကို စစ်ကြောင်းထိုး ဝင်ရောက်ပြီး ရွာထဲရှိ ခရစ်ယာန်ဘုရားကျောင်း ၅ ကျောင်း အပါအဝင် အိမ်ခြေ ၄၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ပျဥ်းခုံကြီးကျေးရွာသည် ခရစ်ယာန်ဘာသာ ကိုးကွယ် ယုံကြည်သည့် ချင်းလူမျိုး အများစု နေထိုင်သည့် ကျေးရွာဖြစ်ပြီး ကျေးရွာတွင်ရှိသော East Baptist Church ၊ West Baptist Church ၊Wesleyan Church ၊Believer Church နှင့် Church Of the Rock ခရစ်ယာန် ဘုရားကျောင်းများကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပျဥ်းခုံကြီးကျေးရွာမှ နေအိမ်များကို မီးရှို့ဖျက်ဆီးမှု မလုပ်မီ နေအိမ်ထဲရှိ အဖိုးတန်ပစ္စည်းများကို ကားများဖြင့် ယူဆောင်သွားကြောင်း၊ ကျေးရွာအတွင်း မီးလောင်ကျွမ်းခြင်းမရှိသော အိမ်များကို စစ်သားများက JCB များဖြင့် ထိုးကော် ဖျက်ဆီးသွားကြောင်း သိရသည်။

ကလေးမြို့ရှိ အကြမ်းဖက် စစ်ကောင်စီတပ်သားများသည် ယခုနှစ်ပိုင်းအတွင်း ကလေးမြို့နယ်အတွင်းရှိ ကျေးရွာများကို ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်နေလျက်ရှိကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

ကလေးမြို့နယ် မြောက်ပိုင်း ပျဉ်းခုံလေးကျေးရွာကို အကြမ်းဖက် စစ်တပ်က မတ်လ ၁၉ ရက်နေ့မှ ၂၁ ရက်နေ့အထိ ၃ ရက်ဆက် မီးရှို့ ဖျက်ဆီးခြင်းကြောင့် လူနေအိမ်ခြေ ၂၁၉ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း၊ အိမ်ခြေ ၃၂၈ ရှိသည့် ပျဉ်းခုံလေးကျေးရွာကိုလည်း အကြမ်းဖက် မီးရှို့မှုကြောင့် အိမ်ခြေ ၂၁၉ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

ထို့ပြင် ကလေးမြို့တောင်ဘက်၊ နည်းပညာတက္ကသိုလ်နှင့် မျက်နှာချင်းဆိုင်တွင်ရှိသော သာယာဝတီကျေးရွာကိုလည်း မတ်လ ၁၇ ရက်နေ့ကစ၍ အကြမ်းဖက် စစ်တပ်က အကြိမ်ကြိမ် မီးရှို့ဖျက်ဆီးခဲ့သောကြောင့် အိမ်ခြေ ၁၀၀ ကျော်ရှိသည့် သာယာဝတီကျေးရွာသည် နေအိမ် ၅ လုံးသာကျန်တော့ကြောင်း၊ လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ်၏ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးခြင်းကြောင့် ကလေးမြို့နယ်ရှိ ကျေးရွာ ၁၀ ရွာ ကျော်မှ ထောင်နှင့်ချီသော ပြည်သူများ စစ်ဘေး တိမ်းရှောင်နေကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article