29 C
Yangon

ကျိုက်ထိုမြို့နယ်ရှိ စစ်တပ်က တပ်စွဲထားသော နေရာ ၃ ခုကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

ရန်ကုန်၊ ဧပြီ ၁၉

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်က တပ်စွဲထားသော နေရာ ၃ ခုကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ကျိုက်ထို တော်လှန်ရေးအင်အားစုထံမှ သိရသည်။

ဧပြီလ ၁၆ ရက်နေ့ မွန်းလွဲ ၁ နာရီ ၅ မိနစ်ခန့်တွင် ကျိုက်ထိုမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်က တပ်စွဲထားသော အင်္ဂဘိုတာဝါတိုင်၊ ရှော်နီကုန်း (ဒေသအခေါ်) ၊ လက်ပံပင်သင်္ချိုင်း တို့ကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် အင်္ဂဘိုတာဝါတိုင်ကို ဗုံးသီး ၁ လုံး၊ ရှော်နီကုန်းကို ဗုံးသီး ၁ လုံး နှင့် လက်ပံပင် သင်္ချိုင်းကို ဗုံးသီး ၄ လုံး ပစ်ချတိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်တပ် ဘက်မှ ထိခိုက်မှုများနိုင်ပြီး ထိခိုက်သေဆုံးမှု အရေအတွက်ကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ကျိုက်ထို တော်လှန်ရေးအင်အားစု (KRF) ၊ KNU/KNLA ၊ ခရမ်း-PDF နှင့် ကျိုက်ထို ပကဖ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ကျိုက်ထို တော်လှန်ရေးအင်အားစုသည် အကြမ်းဖက် စစ်အာဏာရှင်စနစ် ကျဆုံးသည်အထိ ဆက်လက် တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို အသက်ပေး ကာကွယ်စောင့်ရှောက်သွားမည် ဖြစ်ကြောင်း၊ ပြည်သူလူထုအပေါ် တစ်စုံတစ်ရာ ထိခိုက် နစ်နာ ပျက်စီးဆုံးရှုံးစေမည့် ဖောက်ခွဲမှု၊ ပစ်ခတ်မှုများအား ပြုလုပ်ခြင်း အလျှင်းမရှိပါကြောင်း KRF က အသိပေး ထုတ်ပြန်ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article